Chapter 1

2.6K 214 0
                                    

Uni

1.

အခြားသူများက သိပ္ပံပညာရှင်များ၊ အာကာသယာဉ်မှူးများဖြစ်ရန် စိတ်ပိုင်းဖြတ်နေကြသည့်အခိုက် အစားထိုးလေးကတော့ သူ၏ အနာဂတ်ရည်မှန်းချက်များအား စတင်ထူထောင်နေလေပြီ။

သူက ပိုက်ဆံများများရပြီး အလုပ်ချိန်နည်းသည့် အိမ်နှင့် နီးနီးကပ်ကပ်လုပ်ရသော အလုပ်မျိုးအားရှာတွေ့ချင်သည်။

ထိုအလုပ်က သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ချေ။

လမ်းခုလတ်၌ အထက်စီးဆန်သည့် ဥက္ကဋ္ဌတစ်ယောက်၏ aura အပြည့်နှင့်လူအား အစားထို‌လေးတစ်ယောက် တွေ့လိုက်ရလေသည်။ သူ့ကိုမြင်တော့ ထိုလူက အံ့ဩနေပုံရ၏။ ဆယ်မိနစ်ပင်မကြာလိုက်ပေ။ အနက်ရောင်ဝတ် သက်တော်စောင့်တစ်ဦး သူ့ဆီရောက်လာပြီး ထိုဥက္ကဋ္ဌနှင့်တွေ့ဖို့ရန် ဖိတ်ခေါ်လာလေသည်။

အစားထိုးလေးတစ်ယောက် ထိုသက်တော်စောင့်၏ ဘော့စ်ဖြစ်သူနှင့် တွေ့ရန် လိုက်သွားလိုက်သည်။

ဆွေးနွေးညှိနှိုင်းကြသည့်အခိုက် တစ်ဖက်လူက သူ့အားဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်အား ရိုးရိုးရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်းပင် ရှင်းပြပေသည်။

အကြောင်းမူကား သူ့အား အထောက်အပံ့ပေးလိုခြင်းပင်။

အစားထိုးလေးတစ်ယောက် ' ဘာတွေဘယ်လိုများဖြစ်သွားသလဲ ' ဟု စဉ်းစားလိုက်မိသည်။

သူက ကြည့်ကောင်း၍များဖြစ်လိမ့်မည်လား။ သူက ကြည့်တော့ကောင်းပါ၏။ သို့သော် အထက်စီးဆန်သည့် ဥက္ကဋ္ဌတစ်ယောက်မှ မြင်မြင်ချင်း ချစ်ကြိုက်မိသွားလောက်အောင်ထိ ရင်သပ်ရှုမောဖွယ်ကောင်း မနေပါချေ။

ထိုသို့မဟုတ်ပါက သူ့တွင် မည်ကဲ့သို့အစွမ်းအစတွေများရှိနေ၍ပါလဲ။ သွေးနားထင်ရောက်နေသည့် ဥက္ကဋ္ဌက ပင်ကိုယ်ပါရမီရှိသူကို ရှာနေသည်လား။ ထိုသည်ကလည်း မဖြစ်တန်ရာ။ သွေးနားထင်ရောက်နေသည့် ဥက္ကဋ္ဌတစ်ယောက် သူ့အားတွေ့သည့်အခိုက် သူက လမ်းဘေးတွင်ရပ်၍ ရေခဲချောင်းစုပ်နေဆဲအချိန်ဖြစ်သည်။ သူ့ပုံစံမှာ အရူးတစ်ယောက်နှင့်ပင် တူနေလောက်၏။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now