Chapter 28

711 88 0
                                    

Uni

91.

စနေ၊ တနင်္ဂနွေရက်များဖြစ်နေသော်လည်း အစားထိုးလေးက စာလေ့လာရန် မမေ့လျော့ပေ။ သူက နေ့လည်ခင်းတွင် စာကြည့်ခန်းသို့သွားကာ စာလေ့လာခဲ့သည်။

ဥက္ကဋ္ဌအမေက အစားထို‌လေးနှင့် ဥက္ကဋ္ဌတို့ စာကြည့်ခန်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်ကို မြင်လိုက်သည့်နောက် နှစ်ယောက်သား ကိစ္စတစ်ခုခု လုပ်ကြရန်သွားသည်ဟု တွေးလိုက်သည်။ သူက နောက်တစ်ကြိမ် ရုတ်တရက် ဝင်ရောက်စီးနင်းရန် ‌စောင့်နေခဲ့သော်လည်း သူ တံခါးဟကြည့်လိုက်သည့်အခိုက် စာကြည့်ခန်းက တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရ၏။ ထို့ပြင် သူတို့နှစ်ဦးသားက ထိုင်ခုံကိုယ်စီမှာထိုင်ရင်း စာဖတ်နေကြလေသည်။

သူက တံခါးလက်ကိုင်ကို တဒင်္ဂမျှဆုပ်ကိုင်ထားပြီး နောက်ဆုံးတွင်တော့ တံခါးပြန်ပိတ်လိုက်တော့သည်။

တံခါးပိတ်သွားပြီးနောက် ဥက္ကဋ္ဌနှင့် အစားထိုးလေးနှစ်ဦးစလုံးက စာဖတ်ရာမှ ခေါင်းမော့လိုက်ကြပြီး တံခါးအားကြည့်လိုက်ကြသည်။

အစားထိုးလေးက စိတ်သက်သာရာရသွားပြီး သက်ပြင်းဖွဖွချလိုက်သည်။ ထိုအခါ ဥက္ကဋ္ဌက ပြုံးကာ ပြောလာ၏။

" ဘာတွေ စိုးရိမ်နေတာလဲကွာ။ မင်းက ဘာအမှားမှ လုပ်မထားပါဘူး။ သူ့မှာ လုပ်ပိုင်ခွင့်ရှိနေတယ်ဆိုပေမဲ့ သူ ဘာမှမလုပ်နိုင်ဘူးရယ် .. "

အစားထိုးလေး - " ကျွန်တော့်မှာ နောက်ဥက္ကဋ္ဌတစ်ယောက် ထပ်ရှိသေးတယ်လို့ ခံစားနေရတယ် .. "

ဥက္ကဋ္ဌ - " သူ မင်းကို သဘောကျမှာပါ၊ မစိုးရိမ်ပါနဲ့ .. "

တကယ်တော့ ဥက္ကဋ္ဌအမေ သည်အိမ်မှာ ရှိနေသော်လည်း သူတို့နေ့စဉ်ဘဝက အများကြီး ပြောင်းလဲသွားပုံတော့မရပါချေ။

သို့သော် ညပိုင်း၌ ဥက္ကဋ္ဌတစ်ယောက် အလုပ်တချို့အား ကိုင်တွယ်ဖြေရှင်းနေသည့် အချိန်ခေတ္တခဏတွင် ဥက္ကဋ္ဌ၏အမေက အစားထိုးလေးနှင့် တွေ့ဆုံခဲ့၏။

အစားထိုးလေးက ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

" မဒမ် .. "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now