Chapter 23

738 91 0
                                    

Uni

77.

အစားထိုးလေးက A တက္ကသိုလ်၏ တရားဝင်ကျောင်းသားတစ်ယောက် မဟုတ်။ သို့သော် သူ့ ကိုယ်စွမ်းကိုယ်စနှင့်ဆိုလျှင်လည်း A တက္ကသိုလ်၏ နှစ်ဝက်စာမေးပွဲတွင် မအောင်ဘဲတော့မနေပေ။ ထို့ပြင် အခြား အုပ်စုများကလည်း သူ့နာမည်ပါကြောင်း အစီအရင်ခံပေးကြသည်။

Self-taught undergraduate စာမေးပွဲနှင့် A တက္ကသိုလ်၏ နှစ်ဝက်စာမေးပွဲက တစ်ချိန်တည်းပင်ဖြစ်သည်။ နှစ်ဝက်စာမေးပွဲ ပြီးသည့်နောက် သူ ပါမောက္ခအား စာမေးပွဲအတွက် ခွင့်နှစ်ရက်တောင်းခဲ့သည်။

" ဘာ စာမေးပွဲလဲ .. "

ပါမောက္ခကြီးကမေးသည်။

" Self-taught undergraduate စာမေးပွဲပါ "

အစားထိုးလေးက ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည်။

" Self-taught undergraduate လား "

ပါမောက္ခကြီးက မျက်ခုံးများကိုပင့်လို့ အစားထိုးလေးအား ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းရမ်းလိုက်လေသည်။

" အဲ့ဒါက အလားအလာမကောင်းဘူး။ self-taught undergraduate က လုံလောက်ပါ့မလား။ ရေတိုကိုကြည့်နေတာပဲ ... "

ပါမောက္ခမှ ခဏတဖြုတ်ဝေဖန်လိုက်သည့်အခိုက် အစားထိုးလေးမှာ ရှက်ရွံ့သွားလေ၏။

( tn/ ဒီနေရာမှာ ပြောချင်တာလေးရှိလို့ပါ။ အစားထိုးလေးက အထက်တန်းမအောင်ဘူးလို့ ကျန်ခဲ့တဲ့ chapter တစ်ခုမှာ ပါခဲ့တယ်လေ။ သူပြောချင်တာက အထက်တန်းကျောင်းကဘွဲ့မပါဘဲနဲ့ တက်ရဖို့ တက္ကသိုလ်မဝင်ခင်ဖြေရတဲ့ စာမေးပွဲဖြစ်နိုင်သလို မဟုတ်ရင်လည်း အထက်တန်း အောင်လက်မှတ်မပါဘဲ တက်လို့ရတဲ့ တက္ကသိုလ်သက်သက်ရှိတာလည်း ဖြစ်နိုင်ပါတယ်။ သိတဲ့လူရှိရင် ပြောပြသွားပေးပါဦးနော် .. )

နှစ်ရက်တာ စာမေးပွဲပြီးသည့်နောက် အစားထိုးလေးတစ်ယောက် အတော်လေးပေါ့ပါးသွားသည်။ ထို့ပြင် ဥက္ကဋ္ဌက သူ စာမေးပွဲခန်းမှ အပြင်ထွက်လာမည်ကို စောင့်နေသည် မဟုတ်လား။

" စာမေးပွဲက ဘယ်လိုလဲ ... "

" အရင်တစ်ခေါက် ဖြေခဲ့တုန်းကထက်တော့ ပိုလွယ်သလိုပဲ .. သိပ်မခက်ဘူးရယ် ... "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now