Chapter 18

847 114 2
                                    

Uni

62.

စာမေးပွဲပြီးနောက်နေ့ အစားထိုးလေး အိမ်ပြန်ရောက်လာသည့်အခိုက် လရောင်ဖြူလေး၏ အထုပ်အပိုးများ မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဥက္ကဋ္ဌအား အကျိုးအကြောင်း မေးမြန်းကြည့်လိုက်တော့ ဥက္ကဋ္ဌက ပြန်သွားပြီဟုသာပြောပြီး ဘာမှထပ်မပြောပေ။

ဥက္ကဋ္ဌ၏ အတွေးများနေသည့်ပုံစံအား မြင်လိုက်ရသည်ကြောင့် လရောင်ဖြူလေးနှင့်ပတ်သတ်၍ ဥက္ကဋ္ဌတစ်ယောက် စိတ်မကြည်မလင်ဖြစ်နေသည်ဟု အစားထိုးလေးက ထင်နေလေသည်။

ဥက္ကဋ္ဌအား နှစ်သိမ့်ပေးရန်အလို့ငှာ ဥက္ကဋ္ဌအကြိုက် သံလွင်ဆီဖြင့်သုပ်ထားသည့် ဟင်းသီးဟင်းရွက်သုပ်ကို အစားထိုးလေးတစ်ယောက် အထူးအနေဖြင့် ပြင်ဆင်ပေးခဲ့၏။

စားပွဲပေါ်ရှိ အစိမ်းရောင်အရွက်များအား မြင်သည့်အခိုက် ဥက္ကဋ္ဌ၏ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သို့သော်လည်း ဘာမှမပြောဘဲ တိတ်တဆိတ်သာ စားနေလေ၏။

ယုန်ကောင်ကြီး အရွက်များ စားပြီးသွားသည့်နောက် အစားထိုးလေးက ဥက္ကဋ္ဌအကြိုက် ပုံမှန်စားလေ့စားထရှိသည့် အခြားအစားအသောက်များအား ချပေးလိုက်သည်။

ညစာအတွက် အခြားထပ်လုပ်ပေးစရာ ဘာမှမကျန်တော့ပေ။

သူ့အကြွေးများဆပ်ရန် ဘောနပ်စ်ပေးပြီးကတည်းက အစားထိုးလေးနှင့် ဥက္ကဋ္ဌတို့ အတူမနေဖြစ်သေးချေ။ စာမေးပွဲနှင့် ဗျာများနေသဖြင့် အလုပ်ကိုလျစ်လျူရှုနေမိသည်ဟု တွေးမိတော့ အစားထိုးလေးတစ်ယောက် စိတ်လက်မချမ်းမသာဖြစ်ကာ ညအချိန်၌ ဥက္ကဋ္ဌအခန်းသို့ သွားလိုက်သည်။

သို့သော်လည်း ဥက္ကဋ္ဌက သူ့ကို ဘာမှလုပ်ခွင့်မပြုခဲ့ပေ။ သူ့အား တစ်ညလုံး ဖက်ရုံသာဖက်ပြီး အိပ်စက်ခဲ့လေသည်။

63.

အစားထိုးလေး၏ စာမေးပွဲက results ထွက်မလာသေးသော်လည်း ဥက္ကဋ္ဌက လက်ဆောင်တစ်ခု အရင်ပေးလာသည်။

အခြားဥက္ကဋ္ဌများ သူတို့၏အချစ်ကလေးများအား လက်ဆောင်ပေးကြသည့် ပုံစံအတိုင်း ဥက္ကဋ္ဌက အဝတ်အစားအသစ်များစွာကို အစားထိုးလေးအတွက် မှာပေးခဲ့ပြီး နာရီများကိုလည်းမှာပေးခဲ့သည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now