Chapter 24

670 96 5
                                    

Uni

81.

ဥက္ကဋ္ဌ၏ အမေဖြစ်သူက သူ့ညီအစ်မတချို့နှင့်အတူ ခရီးထွက်ခဲ့ကြသည်။ သို့သော် ထိုခရီး၌ တိုက်တိုက်ဆိုင်ဆိုင်ပင် လူတစ်ယောက်နှင့် စကားပြောနေသည့် သူ့သားအား ဆုံရလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ဥက္ကဋ္ဌ - " အမေ၊ အမေ့မှာ တစ်ခုခုပြောစရာရှိတယ်ဆိုရင် အပြန်မှပြောကြရအောင်လား ... "

ဥက္ကဋ္ဌအမေ - " ပြောစရာရှိတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း လုပ်တာကောင်းမယ်! "

ဥက္ကဋ္ဌတစ်ယောက် ' သေပြီပဲ ' ဟု ရေရွတ်မိသွားသည်။ ထို့နောက် အစားထိုးလေးအား တီးတိုးကပ်ပြောလိုက်လေ၏။

" မင်း ကိုယ့်ကို အပြင်မှာ အရင်စောင့်နေလိုက်နော် ... "

သို့သော်ငြား ဥက္ကဋ္ဌအမေက ပိတ်ပင်တားဆီးကာ ပြောလေသည်။

" နေစမ်းပါဦး။ .. မင်းရဲ့ စိတ်အာရုံကိုဖမ်းစားထားတဲ့ မြေခွေးမကို ကြည့်ပါရစေဦးလား! .... "

ထို့ကြောင့် အစားထိုးလေးတစ်ယောက် နာနာခံခံလေးနှင့် ထိုင်နေလိုက်တော့သည်။ ဥက္ကဋ္ဌမှာတော့ စားပွဲအောက်မှနေ၍ အစားထိုးလေး၏ လက်အားကိုင်ထားကာ အစားထိုးလေးထက်ပင် ပိုထိတ်လန့်နေပုံရသည်။

အစားထိုးလေးက အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည် ယူနီဖောင်းဝတ်စုံအား ဝတ်ဆင်နေဆဲဖြစ်ပြီး သန့်ရှင်းသပ်ရပ်နေလေ၏။ အစားထိုးလေးက လရောင်ဖြူလေးလို သိမ်မွေ့ပြီး နှစ်သက်မြတ်နိုးဖွယ်ကောင်းမနေသော်လည်း လူကြီးသူမများ နှစ်သက်လောက်သည့် ရိုးသားသော အသွင်အပြင်တော့ရှိသည်။

ဥက္ကဋ္ဌအမေက အစားထိုးလေးအား အကြိမ်ကြိမ်အခါခါ အစုန်အဆန်ကြည့်နေခဲ့သော်လည်း အပြစ်ပြောစရာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။ သူက ' နွမ်းပါးစုတ်ပြတ်သည် ' ဟုသာ ပြောလိုက်နိုင်သည်။

အစားထိုးလေးကတော့ ထိုအမျိုးသမီးပြောသည်က မှန်သည်ဟု စိတ်အတွင်းမှ တွေးနေလေ၏။

" အသက်ကဖြင့် ငယ်ငယ်လေးရှိသေးတယ် ကောင်းကောင်းမွန်မွန်မနေဘဲ အထောက်အပံ့ပေးမဲ့ လူကိုတောင် ရှာတတ်နေပြီ! "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now