Chapter 11

947 123 0
                                    

Uni

38.

လရောင်ဖြူလေးတစ်ယောက် တစ်စုံတစ်ခုအား ခံစားမိသွားပြီး အကျပ်ရိုက်သွားကာ ထိုသို့ဆက်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

" မင်းအံ့ဩသွားလား .. "

ဥက္ကဋ္ဌတစ်ယောက် မလုံမလဲနှင့် လရောင်ဖြူလေးအား ပြန်မေးလိုက်လေ၏။

သည်လိုနှင့် ခွဲခွာရမည်ရက်မှာ လရောင်ဖြူလေးက ပြောလာလေသည်။

" ငါ နောက်ထပ်နှစ်ပတ်လောက် ထပ်နေမယ်လို့ စဉ်းစားထားတယ်။ "

လရောင်ဖြူလေး ထိုသို့ပြောလိုက်တော့ စကားဝိုင်းက တိတ်ဆိတ်သွားသည်။

ဥက္ကဋ္ဌက သူစိတ်ကူးထားသလို အံ့ဩသည့်အမူအရာမပြခဲ့ပေ။ သို့သော် အနည်းငယ်မျက်ခုံးပင့်လို့ သူ့ဘေးနားရှိ အစားထိုးလေးအား ကြည့်လိုက်လေသည်။

လရောင်ဖြူလေး - .......

' ဥက္ကဋ္ဌ - အစားထိုးလေး ဘယ်လောက်တောင် မနာလိုဖြစ်နေလဲဆိုတာ ကြည့်ရအောင်။'

' အစားထိုးလေး - ဟုတ်ပြီ။ တစ်ချိန်တည်းမှာ လူနှစ်ယောက်စလုံးကို အမှုဆောင်ပေးဖို့ဆိုတာ လွယ်မယ်ထင်နေလား။ '

39.

အစားထိုးလေးက လုပ်ရည်ကိုင်ရည်နှင့်ပတ်သတ်၍ ကောင်းမွန်သည့်ဉာဉ်ရှိသည်။ သို့သော် သည်နှစ်ရက်မှာတော့ အနည်းငယ် စိတ်ကသိကအောက်ဖြစ်နေမိသည်။

လရောင်ဖြူလေးတစ်ယောက် ဥက္ကဋ္ဌနှင့် ရယ်မောကာ စကားစမြည်ပြောနေသည့်အခိုက် သူကတော့ အမှောင်ထဲတွင်ရပ်ကာ ကြမ်းတိုက်တံနှင့် ကြမ်းတိုက်နေရသည်။ သူ့နှလုံးအိမ်က ထူးထူးဆန်းဆန်းခံစားနေရကာ ဥက္ကဋ္ဌအား စိတ်ထက်သန်စွာဖြင့် ကြည့်နေမိသည်။

ဥက္ကဋ္ဌကို သူပိုကြည့်မိလေလေ ဥက္ကဋ္ဌက သူ့အားတစ်ချက်တောင် လှည့်ကြည့်ဖော်မရဘဲ လရောင်ဖြူလေးနှင့် ပို၍စကားပြောနေသလိုပင်။

သဝန်တိုသည့်အရသာမှာ ဤကဲ့သို့ပေလား။ ထိုအမျိုးသားက ဥက္ကဋ္ဌအား မည်သို့ သိမ်းပိုက်လိုက်နိုင်သည်လဲ။ ထိုအရာက သူ့စိတ်နှင့်ခန္ဓာအား နာကျင်လာစေသည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now