Chapter 13

912 138 2
                                    

Uni

47.

ဥက္ကဋ္ဌတစ်ယောက် အစားထိုးလေးအတွက် သင်ခန်းစာများ ပြင်ဆင်နေသည့်အချိန်နှင့် လရောင်ဖြူလေး တစ်ခါကြုံလိုက်သည်။ ထိုသို့သောပုံစံနှင့် ဥက္ကဋ္ဌအား သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပင်။

နောက်ရက် ဥက္ကဋ္ဌ အလုပ်သွားသည့်အခိုက် အစားထိုးလေးနှင့် လရောင်ဖြူလေးသာ အိမ်၌ကျန်ခဲ့လေသည်။

အစားထိုးလေးက အိမ်သန့်ရှင်းရေးလုပ်ပြီးသည့်နောက် စာကြည့်ရန် သူ့အခန်းသူပြန်သွားလိုက်သည်။ သို့သော် လရောင်ဖြူလေးတစ်ယောက် သူ့အခန်းထဲရှိ ပြဋ္ဌာန်းစာအုပ်များအား အမှန်တကယ်ပင် လှန်ကြည့်နေသည်ကို မြင်လိုက်ရ၏။

လရောင်ဖြူလေးက သူရောက်လာသည်ကို တွေ့သော်လည်း ထိတ်လန့်မနေဘဲ ပြုံးပြကာ စကားဆိုလာသည်။

" ဒါတွေကို မင်း လေ့လာတာလား .. "

အစားထိုးလေးက ခေါင်းညိတ်ပြလိုက်သည်။

လရောင်ဖြူလေး - " မင်း အရင်က တစ်ခါမှ မသင်ခဲ့ဖူးဘူးလား။ အခုမှ ဒါကို သင်နေတာပေါ့ .. "

အစားထိုးလေးက ခေါင်းညိတ်၍သာ ဖြေလိုက်သည်။

လရောင်ဖြူလေး - " ငါက မင်းအိမ်ထဲမှာနေ့တိုင်းလိုလို အခန်းပိတ်နေနေတာက သုသေသနလုပ်နေတာကြောင့်လို့ ထင်နေတာ။ မထင်မှတ်ဘဲ မင်းက ဒါကို လေ့လာနေရုံပဲရှိသေးမှန်း သိလိုက်ရတယ် ... "

လရောင်ဖြူလေး၏ မျက်ဝန်းထဲ၌ အထင်သေးသော အရိပ်ယောင်များရှိနေလေသည်။ သူက အစားထိုးလေး၏ အင်္ဂလိပ်စာအုပ်ကို လှန်လိုက်ပြီး ဆိုပြန်သည်။

" မင်းဒီကနေ ဘာတွေသင်ယူနိုင်မှာပါလိမ့်။ ငါအခုလေးတင် ဒါကိုမူလတန်းကျောင်းအတွက် ပြဋ္ဌာန်းစာအုပ်လို့ပဲ ထင်နေတာ ... "

အစားထိုးလေး - " အဲ့ဒါက အဲ့သလောက် လွယ်လို့လား .. "

လရောင်ဖြူလေး - " ဒါပေါ့ .. "

အစားထိုးလေးက စိတ်လှုပ်ရှားကာ ပြန်ပြောလိုက်လေသည်။

" ဒါဆို ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ကျွန်တော့်ကိုကူညီပေးနိုင်မလား။ ကျွန်တော်က တော်တော်ဆိုးဆိုးပဲ။ သဒ္ဒါကိုတောင် နားမလည်ဘူးဖြစ်နေတာ .. "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now