Chapter 10

1.3K 155 10
                                    

Uni

33.

ညနေခင်းမှာတော့ ညစာအတွက် အစားထိုးလေးကပင် ချက်ပြုတ်ရသည်။ လရောင်ဖြူလေးကတော့ အစားထိုးလေးဘေးတွင်ရပ်ကာ ညွှန်ကြားနေလေ၏။

' ဆီများလွန်းတယ် .. ဆားများလွန်းနေတယ် .. ' အစရှိသဖြင့်ပင်။

အစားထိုးလေးမှာ လရောင်ဖြူလေးပြောသည့်အတိုင်း တစ်ခုပြီးတစ်ခု လိုက်လုပ်နေသော်လည်း လရောင်ဖြူလေးက ဆက်ပြီး လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ သူကိုယ်တိုင်ပင် ဝင်ချက်ပြုတ်တော့လေသည်။

နောက်ဆုံးတွင်တော့ ညစာဟာ ကျန်းမာရေးနှင့်ညီညွတ်သည့် ခပ်ပေါ့ပေါ့ အစားအစာဖြစ်သွားရှာသည်။

လရောင်ဖြူလေး - " သူနဲ့ငါက အကြိုက်တူတယ်။ သူက အရင်ကတည်းက ပေါ့တဲ့အစားအစာတွေကို ကြိုက်တယ်လေ။ ဒါပေမဲ့ သိပ်တော့မစားဘူး။ "

အစားထိုးလေးတစ်ယောက် စားပွဲပေါ်ရှိ ဆလတ်ရွက်သုပ်အားကြည့်ကာ ရှက်မျက်ရည် ကျမိသွားသည်။

သူက သာမန်အိမ်ချက်ဟင်းများကိုသာ အမြဲလိုလိုချက်ပြုတ်ခဲ့သည်‌။ တစ်ခါတလေ ဘာချက်ရမည်မှန်း မသိသည့်အခါ အပြင်က အမှာစာယူပစ်တတ်သည် မဟုတ်လား။

ဥက္ကဋ္ဌက တစ်ခါတစ်ရံ စားပွဲကို မှောက်လှန်ပစ်တတ်သည်မှလွဲ၍ မြင့်မြတ်သောစိတ်ဓာတ် ရှိရှာသည်။ မဟုတ်လျှင် သူချက်သမျှ စားလိမ့်မည်မဟုတ်။ အရသာရှိသည်ဟုပင်ဆိုကာ ထမင်းသုံးပန်းကန်လည်း စားမည်မဟုတ်ချေ။

အစက သူ အပြင်မှ အမှာစာယူသည်ကို သိတော့ အတော်လေး ဒေါသထွက်သွားသေးသည်။ ယခုအချိန်မှာတော့ ဘာစားချင်သည်ကိုပါ သတ်မှတ်ပေးလာလေ၏။

ထိုအတိုင်းဆိုလျှင် သူက အလုပ်လစ်ဟင်းသူတစ်ယောက်ပင်။

ဥက္ကဋ္ဌ၏ အချစ်က အတော်အင်အားကြီးသောကြောင့်လည်း ဖြစ်နိုင်သည်။ သူ့တွင် လရောင်ဖြူလေးနှင့် ဆင်တူသောမျက်နှာရှိသဖြင့် ဥက္ကဋ္ဌက ၎င်းအရာများအပေါ် သည်းခံပေးခြင်းဖြစ်လိမ့်မည်။

ယခုမှစ၍ ဟင်းသီးဟင်းရွက်များကို သံလွင်ဆီနှင့်ရောမွှေလိုက်ရုံဖြင့် ဥက္ကဋ္ဌအား လရောင်ဖြူလေး၏ လက်ရာကို သတိရသွားစေရုံသာမက သူလည်း လုပ်ရကိုင်ရ သက်သာသွားလိမ့်မည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားTempat cerita menjadi hidup. Temukan sekarang