Chapter 15

894 126 8
                                    

Uni

53.

အစားထိုးလေးတစ်ယောက် ဥက္ကဋ္ဌနှင့် လရောင်ဖြူလေးအား အိမ်သို့ပြန်ခေါ်လာခဲ့ပြီးနောက်တွင် ထိုသူနှစ်ယောက်မှာ ဒုတိယအချီ ထပ်သောက်ကြပြန်သည်။

ထိုသူနှစ်ဦးမှာ ယခုအချိန်တွင် အမှန်တကယ်ပင်မူးနေကြပြီး အဓိပ္ပာယ်မရှိသော စကားများအားပြောနေကြလေသည်။

လရောင်ဖြူလေး - " ငါ အလုပ်မကြိုးစားချင်ဘူး။ အလုပ်လည်းမသွားချင်တော့ဘူး။ ငါ အဘွားအိုလေးတစ်ယောက်ပဲ ဖြစ်ချင်တော့တယ် "

ဥက္ကဋ္ဌ - " ငါတော့ ခွေးလေးတစ်ကောင်ဖြစ်ချင်တယ် "

အစားထိုးလေးဟာ ထိုသူနှစ်ယောက် မူးမူးရူးရူးပြောဆိုနေကြသည်ကို နားထောင်ရင်း တိတ်တဆိတ် မေးခွန်းများလုပ်နေခဲ့သည်။

ထိုသူနှစ်ယောက်က မူးရူးနေပြီး အစားထိုးလေးဘက်သို့ နောက်တစ်ခေါက် ခေါင်းလှည့်လာကြပြန်သည်။ အစားထိုးလေးအား မေးခွန်းများကူပြီး လမ်းညွှန်ပေးချင်နေပုံပင်။

လရောင်ဖြူလေးက Haikou နှင့်ပတ်သတ်ပြီး ချီးမွမ်းပြောဆိုခဲ့ပြီး အစားထိုးလေးအား Harvard သို့ သွားချင်သလားဟု မေးခဲ့သည်။ ( Haikou က မြို့တစ်မြို့ပါနော် .. )

ဥက္ကဋ္ဌကတော့ အစားထိုးလေးအား သင်္ချာပညာရပ်နှင့် နိုဘယ်ဆုရအောင်ယူရန် ပြောခဲ့သည်။

သို့သော်လည်း အစားထိုးလေး အဖြစ်ချင်ဆုံးအရာကို တွေးမိသွားသောကြောင့် သူတို့နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန်သည်။

အချိန်အတော်ကြာ ပွက်လောရိုက်နေပြီး နောက်ဆုံးတွင်တော့ ထိုသူနှစ်ဦးမှာ အားကုန်သွားပြီး အစားထိုးလေးဘေး၌ ဝင်လှဲကာ အိပ်ပျော်သွားကြတော့သည်။

အစားထိုးလေးက စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ထိုသူနှစ်ယောက်အား စောင်ခြုံပေးထားလိုက်သည်။

ဥက္ကဋ္ဌအား စောင်ကူခြုံပေးနေစဉ်မှာပဲ ဥက္ကဋ္ဌတစ်ယောက် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာလေသည်။

ဥက္ကဋ္ဌက အစားထိုးလေးအားကြည့်ကာ မေးလိုက်သည်။

" မင်း programmer တစ်ယောက် မဖြစ်ချင်ဘူးမလား ... "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now