Chapter 30

907 87 0
                                    

Uni

95.

ဥက္ကဋ္ဌက တစ်ညလုံး မအိပ်ဘဲနေခဲ့ပြီး မနက်ပိုင်း၌လည်း ကျန်ရှိနေသေးသည့်အလုပ်များအား ဖြေရှင်းရင်း အပြေးအလွှား အလုပ်လုပ်ခဲ့သည်။ ထိုအရာက အမှန်တကယ် ပင်ပန်းလှ၏။

သို့သော်လည်း ယနေ့အချိန်မှာတော့ ဥက္ကဋ္ဌတစ်ယောက် အရမ်းကို စိတ်လှုပ်ရှားနေသည်။ အကြောင်းမှာ နောက်ဆုံးတော့ သူ အစားထိုးလေးနှင့်အတူ အချိန်ဖြုန်းနိုင်တော့မည် ဖြစ်သည်ကြောင့်ပင်။

ပိုအရေးကြီးသည်က ယနေ့ဟာ သူတို့၏ ထောက်ပံ့မှုစာချုပ် သက်တမ်းကုန်သည့်နေ့ပင်။ ယနေ့ပြီးလျှင်တော့ ရှက်စရာကောင်းပြီး နာကျင်စရာကောင်းသည့် ဆက်ဆံရေးက နိဂုံးချုပ်သွားတော့မည်။

ဥက္ကဋ္ဌတစ်ယောက် လေယာဉ်ကွင်းသို့ ရောက်သောအခါ အစားထိုးလေးမှာ မရောက်သေးချေ။

ဥက္ကဋ္ဌက အစားထိုးလေးအား ဖုန်းဆက်ခဲ့သော်လည်း အစားထိုးလေးကတော့ ပြန်မဖြေပေ။

ဥက္ကဋ္ဌက စဉ်းစားရခက်နေပြီး အစားထိုးလေးတစ်ယောက် ကျောင်း၌ တစ်ခုခုဖြစ်နေသလားဟု တွေးမိသွားသည်။ သို့သော် ဦးလေးဖြစ်သူကို ဖုန်းဆက်ကြည့်သည့်အခါ ဦးလေး၏ ဒေါသတကြီးပြောသည့်အသံကို ကြားလိုက်ရ၏။

" မင်း အဲ့ကောင်အကြောင်းကို ငါ့ကို လာပြောရဲတယ်ပေါ့လေ။ အဲ့ဒီကောင်က လွန်ခဲ့တဲ့နှစ်ရက်ကပဲ နောက်ပိုင်း သူ ကျောင်းကိုမလာတော့ဘူးလို့ ပြောသွားတယ်လေ .. "

ဥက္ကဋ္ဌက အံ့အားသင့်သွားပြီး တစ်ခုခုမှားနေသည်ကို သိလိုက်သည်။ ထို့နောက် သူ့အမေဆီကို ချက်ချင်းဖုန်းဆက်လိုက်သည်။

သူ့အမေက သူ့ဖုန်းအခေါ်ကိုစောင့်နေပြီး လှောင်ပြောင်လာ၏။

" မင်းဘာလို့များ သူ့မျက်နှာအစစ်ကို မမြင်နိုင်ရတာလဲ .. "

ဥက္ကဋ္ဌက တိတ်တဆိတ်ပင် နားထောင်နေခဲ့သည်။

ထိုအခါ သူ့အမေက ပြောလေသည်။

" သူ့ကို ပိုက်ဆံနည်းနည်းပေးလိုက်ရုံနဲ့ မင်းကိုထားခဲ့ဖို့ လိုလားသွားတာပဲလေ။ ငါမင်းကို အရင်ကပြောသားပဲ။ အဲ့လိုလူမျိုးတွေက မင်းဂရုစိုက်ပေးရတာနဲ့ မတန်ပါဘူးလို့ .. "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWo Geschichten leben. Entdecke jetzt