Chapter 12

984 117 2
                                    

Uni

42.

အစားထိုးလေးတစ်ယောက် အမှန်တကယ်ပင် မေးခွန်းများလုပ်ရန် ဆန္ဒရှိနေသော်လည်း ငါးမိနစ်က သိသိသာသာပင် ဥက္ကဋ္ဌ၏ မာနအား အလွန်ထိရှသွားစေခဲ့သည်။

အစားထိုးလေး အတော်ပင်နောင်တရသွားသည်။ အချိန်ပိုဆင်းရန်အတွက် မေးခွန်းလုပ်ချိန်က ကြန့်ကြာသွားရသည်။ သူက အမြဲလိုလို အချိန်ပိုရရန် ကြိုးစားခဲ့သည်။ ဥက္ကဋ္ဌကလည်း ဘော့စ်တစ်ယောက်ရှိသင့်သည့် ခွန်အားကိုအသုံးချကာ ကောင်းစွာ ပူးပေါင်းလုပ်ဆောင်ပေးသည်။

ဤအကြိမ်တွင်တော့ ပုစ္ဆာကို မြန်မြန်ဖြေရှင်းနိုင်ရန်အတွက် ထူးခြားကောင်းမွန်စွာ လုပ်ဆောင်ပေးခဲ့ပြီး ဥက္ကဋ္ဌအား ငါးမိနစ်အတွင်း ဖြေရှင်းပေးခဲ့မိခြင်းပင်။

သို့သော် သူ့အမှားဟု မည်သို့ဆိုရမည်နည်း။ လက်အောက်ငယ်သားများ အမှားပြုမိသည့်အခါ ထိုပြဿနာက မိမိတို့နှင့်ပတ်သတ်နေသည်ဟု အကြီးအကဲများက မှတ်ယူတတ်ကြသည်။

ထို့ကြောင့် အစားထိုးလေးက ဘော့စ်ဖြစ်သူအား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

" ခင်ဗျားရဲ့ ခွန်အားက ဒီလောက်ပဲလား "

နောက်ဆုံးမှာတော့ ထိုညတွင် အစားထိုးလေးတစ်ယောက် ဆရာထံမှ အထပ်ထပ်အခါခါ အပြစ်ပေးခြင်းခံလိုက်ရလေသည်။

43.

ဥက္ကဋ္ဌနှင့် လရောင်ဖြူလေးတို့နှစ်ယောက်ကြား ဆက်ဆံရေးက ပိုကောင်းမွန်လာပုံရပြီး ဥက္ကဋ္ဌက အစားထိုးလေးအား ရက်သတ္တပတ်ရက်များတွင် ပိုပိုပြီး လျစ်လျူရှုလာတော့သည်။ ထို့ပြင် မေးခွန်းများ သင်ကြားပေးရန် ညလယ် လာသည့်အချိန်၌ပင် (၂၅၈,၀၀၀) မှ (၈၀,၀၀၀) အထိ ဆွဲထုတ်ခံလိုက်ရသည်။

(tn/ ဒီနေရာကို ကျွန်တော်လည်နေတာ။ သိပ်မရှင်းဘူးရယ်။ သူ့အပေါ် အာရုံစိုက်မှုအားနည်းသွားတယ်လို့ ပြောချင်တာထင်တယ်။ )

အစားထိုးလေးက ထိုအရာနှင့်ပတ်သတ်၍ မည်သို့မျှမခံစားရပါချေ။

လစာရနေသ၍တော့ အစားထိုးလေးအား ဥက္ကဋ္ဌတစ်ယောက် ကြမ်းတမ်းသည်ဖြစ်စေ၊ နူးညံ့သည်ဖြစ်စေ အကျိုးသက်ရောက်မှုရှိအောင် မလုပ်နိုင်ပါက ဥက္ကဋ္ဌဟာ သူ၏ အခပေးကျူတာ ဖြစ်နေဆဲဟု ပြောမရချေ။ ထို့ပြင် သူက ပိုက်ဆံပေး၍ပင် စာသင်ပေးသေးသည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now