Chapter 4

1.1K 136 0
                                    

Uni

15.

ထိုနေ့မှစ၍ ဥက္ကဋ္ဌမှာ အချစ်ဂိမ်းကစားရသည်ကို နှစ်သက်လာတော့သည်။

အိမ်ပြန်လာချိန်တိုင်း သူ့အတွက် ပန်းတစ်ပွင့်ဖြစ်စေ၊ ကိတ်မုန့်တစ်ခုဖြစ်စေ ယူလာပေးတတ်ပြီး တစ်ခါတလေ လက်ဆောင်တစ်ခုခု ယူလာပေးတတ်သည်။

အစားထိုးလေးက ထိုအရာတွေအား မငြင်းပယ်သော်ငြား ပိုက်ဆံပေးခြင်း သို့မဟုတ် လစာတိုးပေးခြင်းကိုသာ အမှန်တကယ်ပို၍ ဆန္ဒရှိလေသည်။ ကံဆိုးသည်က အစားထိုးလေးခင်ဗျာ ထိုသို့မပြောရဲချေ။

ဥက္ကဋ္ဌက နေ့ခင်းအချိန်များတွင် စာပို့တတ်ပြီး သူ ဘာလုပ်နေသည်ကို မေးတတ်သည်။

အစားထိုးလေးက အလုပ်ချိန်မဟုတ်သောကြောင့် စာပြန်ရသည်ကိုသဘောမကျပေ။ သို့သော်လည်း ဥက္ကဋ္ဌ၏ မာနကြီးပုံအား တွေးမိကာ ကြုံရာကျပန်း အီမိုဂျီများကိုသာ ဝတ်ကျေတန်းကျေ ပြန်ပို့တတ်၏။

သူ အမြဲလိုလို memes များနှင့် အကြောင်းပြန်တတ်သည်ကိုတောင် ဥက္ကဋ္ဌတစ်ယောက် သူနှင့် messages ပို့ခြင်းအား နှစ်ပေါင်းထောင်ချီကြာအောင် ဖလှယ်ဖို့ ဆန္ဒရှိဟန်တူသည်။ ထိုသူက ထူးထူးခြားခြား စာပို့ရန် ငြီးငွေ့ပုံမရသေးချေ။

အစားထိုးလေး စာမပြန်သည့်ရက်များကတော့ သူ့ကိုယ်ပိုင်အားလပ်ရက်များ၌သာ ဖြစ်သည်။

ပုံမှန်အားဖြင့် ဥက္ကဋ္ဌမှလွဲ၍ အစားထိုးလေးအား messages ပို့မည့်သူ တစ်ယောက်မျှမရှိချေ။ ထို့ကြောင့် အစားထိုးလေးသည် ရိုးရိုးရှင်းရှင်းပင် အားလပ်ရပ်၌ သူ့ဖုန်းအား ပိတ်ထားတတ်လေသည်။

ထိုနေ့က သူ အိမ်သို့ပြန်ရောက်သည့်အခိုက် မမျှော်လင့်ထားသော တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်။ သူ အိမ်တံခါးဖွင့်ဖွင့်ချင်းမှာပင် အိမ်တစ်ခုလုံးရှုပ်ပွနေပြီး ဖန်ခွက်နှစ်ခွက်မှာလည်း ကြမ်းပြင်ပေါ်တွင် ကွဲကြေနေသည်ကို တွေ့လိုက်ရသည်။

ဥက္ကဋ္ဌက ဆိုဖာပေါ်တွင်ထိုင်နေပြီး သူ့မျက်လုံးများမှာ နီရဲနေသည်။ ထို့နောက် ဥက္ကဋ္ဌက ကြောက်စရာကောင်းသော အသံကြီးနှင့် သူ့အားမေးလာသည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now