Chapter 19

825 113 3
                                    

Uni

66.

စိတ်နှင့် ခန္ဓာကိုယ် ဖြေလျော့လိုက်ပြီး ဖြစ်လာမည့်အရာကို ရင်ဆိုင်ရတော့မည်။ ထိုသည်က မျှော်လင့်ထားသည့် အရာပင် မဟုတ်လား။

ဥက္ကဋ္ဌက ပြောလိုက်တော့သည်။

" ကိုယ်ဘက်ကအရင် စာချုပ်ကို တဖက်သတ် ရပ်စဲလိုက်တာကြောင့် ကျန်နေသေးတဲ့လတွေအတွက် လုပ်အားခတွေနဲ့ ရုတ်သိမ်းမှုလျော်ကြေးကိုပါ ပေါင်းထည့်ပေးပါ့မယ် ... "

ဥက္ကဋ္ဌက အစားထိုးလေးအား ပြောစရာရှိသည့်ကိစ္စအားလုံးကို ပြောပြပြီးသည့်နောက် အစားထိုးလေးက ခေါင်းအသာညိတ်လို့ ပြန်ဖြေရှာသည်။

" ကျန်ခဲ့တဲ့နှစ်တွေက ခင်ဗျားရဲ့အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီညပဲအထုပ်အပိုးပြင်ပြီး မနက်ဖြန်မနက်စောစောမှာပဲ ထွက်သွားလိုက်ပါ့မယ် ... "

ဥက္ကဋ္ဌ၏ လက်များက အနည်းငယ်တုန်ရင်သွားပြီး အစားထိုးလေးအား လေသံဖျော့ဖျော့ဖြင့် ပြောလာလေသည်။

" ကိုယ် အဲ့လိုဆိုလိုတာမဟုတ်ဘူးလေ။ ကိုယ်ဆိုလိုချင်တာက .. မင်းနဲ့ ချစ်သူဖြစ်ချင်တာကြောင့်ပါ .. "

" အိုး .. ကျွန်တော်သိပြီ .. "

အစားထိုးလေးတစ်ယောက် ရုတ်တရက် နားလည်သွားဟန်ဖြင့်ဆိုသည်။

" ခင်ဗျားက ထိန်းသိမ်းစောင့်ရှောက်မှုစာချုပ်ကို ချစ်သူအဖြစ်နေပေးရမဲ့ စာချုပ်အဖြစ်ပြောင်းချင်လို့လား .. ဒါဆို စာချုပ်အသစ်ချုပ်ရမှာပေါ့ ... "

" မဟုတ်ဘူး ! ကိုယ် မင်းနဲ့ချစ်သူဖြစ်ချင်တယ်ဆိုတာ အတည်ပြောနေတာ .. "

ဥက္ကဋ္ဌက ထပ်မံပြောလာသည်။

" ကိုယ် မင်းကိုသဘောကျတယ် ... "

ဥက္ကဋ္ဌ၏ အသံက ကျယ်သွားသဖြင့် အနီးနားရှိလူတချို့က သူတို့နှစ်ယောက်အား သတိထားမိသွားကြသည်။ ဥက္ကဋ္ဌက သူ့အသံကို ပြန်လျော့လိုက်ပြီး သေသေချာချာ အလေးအနက်ထားကာ နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြန်သည်။

" ကိုယ် မင်းကိုသဘောကျတယ်။ ပြီးတော့ ကိုယ်မင်းနဲ့ အစကနေပြန်စချင်တာ။ မင်းနားလည်ရဲ့လား ... "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now