Chapter 3

1.2K 154 5
                                    

Uni

11.

အစားထိုးလေးတစ်ယောက် ဥက္ကဋ္ဌ စကားပြောသည်ကို ခဏတဖြုတ် နားထောင်ပြီးနောက် ဥက္ကဋ္ဌက အတော်လေး စိတ်ဝင်စားစရာကောင်းသည်ကို သိလိုက်ရ၏။ ဥက္ကဋ္ဌက ဝတ္ထုထဲကထွက်လာသည့် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်ဆိုးကြီးတစ်ယောက်နှင့် တူသည်။

ရက်စက်ကြုမ်းကြုတ်သူနှင့် တူသည့် ဥက္ကဋ္ဌ၏ စိတ်မှာ တစ်ခါတစ်ရံ မှောင်မိုက်နေပြီး တစ်ခါတစ်ရံ ရွှင်ပြနေတတ်သည်။

ဥက္ကဋ္ဌတစ်ယောက် စိတ်ပျော်နေသည့်အချိန်မျိုးဆိုလျှင် သူချက်ပြုတ်နေသည်ကို ရပ်စောင့်ကြည့်ကာ အနောက်ကနေ ပွေ့ဖက်တတ်သည်။ ထို့ပြင် သူ ပူပူလောလောချက်ပြုတ်ထားသည့် အစားအစာများအား အလစ်သုတ်တတ်ပြီး သူ့ဟင်းချက်စကေးအား ချီးမွမ်းမည်ဖြစ်သည်။

ဥက္ကဋ္ဌတစ်ယောက် စိတ်မပျော်ပါက သူ့အတွက် စားပွဲကို မှောက်လှန်ချပစ်လိုက်လိမ့်မည်။

တစ်ခါတလေ ဥက္ကဋ္ဌ ဒေါသထွက်နေသည့်အခါမျိုးဆိုပါက သူ့အားအပြင်ထွက်သွားဖို့ပြောလိမ့်မည်။ ထိုသို့ပြောသည့်အခါ သူ တစ်နေ့လုံး စိတ်မကောင်းဖြစ်နေပြီး ထိုပုံစံနှင့် ဥက္ကဋ္ဌအား ပြန်ကြည့်မိပါက ဥက္ကဋ္ဌတစ်ယောက် သူ့အား မမြင်ချင်တော့သည့်အဆုံး ကိုယ်တိုင်ကိုယ်ကျပင် အခန်းပြင်နှင်ထုတ်လိမ့်မည်။

ထိုသို့ကြားရသည့်အခါတိုင်း သူ့နှလုံးက တင်းကျပ်လာတတ်ပြီး ဥက္ကဋ္ဌအား ကမန်းကတန်း တောင်းပန်ရသည်။ သူထွက်မသွားချင်သေးပေ။

သူ၏ ဂရုဏာသက်ဖွယ် တောင်းပန်ပုံကို မြင်လျှင်တော့ ဥက္ကဋ္ဌ၏ မျက်နှာအမူအရာက တိုးတက်သွားတတ်သည်။

သူကလည်း ပြန်ပြောလိုက်သည်။

" ခင်ဗျားကျွန်တော့်ကို အလုပ်ထုတ်ချင်ရင်တောင် ကျွန်တော်က ဒီတိုင်းတော့ထွက်သွားပေးမှာမဟုတ်ဘူး။ ကျွန်တော် N+1 ( ထပ်ဆောင်းအပို နစ်နာကြေး) တော့ရအောင်ယူမယ် "

နောက်ဆုံးမှာ အစားထိုးလေးတစ်‌ယောက် N +1 မရလိုက်ပေ။ သို့သော် အချိန်ပိုးကြေးတော့ရလိုက်ပါ၏။

12.

ဥက္ကဋ္ဌက သူလိုဘရှိသည့်အခါမျိုးတွင်တော့ အမှန်တကယ် နူးညံ့သိမ်မွေ့နိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံ စိတ်ကောင်းဝင်နေပြီး အလုပ်သွားစရာမလိုသည့် အချိန်မျိုးဆိုလျှင် သူ့အားပွေ့ဖက်ထားရင်း ဆိုဖာပေါ်၌ နှစ်ယောက်သားအတူလှဲကာ TV ကြည့်ကြမည်ဖြစ်သည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now