Chapter 7

1K 137 7
                                    

Uni

24.

ဥက္ကဋ္ဌက ဒုတိယမြောက်နေ့နှင့် တတိယမြောက်နေ့တွင် ဖုန်းမခေါ်ခဲ့ပါချေ။။

ယုတ္တိရှိရှိ စဉ်းစားပါက ဥက္ကဋ္ဌတစ်ယောက် လရောင်ဖြူလေးနှင့် အကြီးအကျယ်တိုက်ပွဲဝင်နေခြင်း ဖြစ်ပုံရ၏။ သည်အလုပ်ခရီးစဉ်ပြီးသည့်နောက် ဥက္ကဋ္ဌအိမ်ကို သူ ပြန်သွားရပါဦးမလားတောင် မသိတော့ချေ။

သို့ရာတွင် တတိယည၌ ယာဉ်မောင်းရောက်လာခဲ့ပါ၏။

အားလပ်ရက်ရနေသည်မှာ နှစ်ရက်သာရှိသေးသည်။ ရုတ်တရက်ပင် အလုပ်ပြန်ဆင်းရတော့မည်။ ပထမဦးဆုံးအကြိမ်အနေနှင့် အစားထိုးလေးတစ်ယောက် အလုပ်ပြန်ဆင်းရမည်ကို ကိုယ့်သေတွင်းကိုယ် တူးနေရသလို ခံစားမိခြင်းပင်။

အစားထိုးလေးတစ်ယောက် ဝမ်းနည်းခြင်းနှင့် ရှက်ကြောက်ခြင်း နှစ်မျိုးစလုံးကို ခံစားနေရသည်။

သူ ငွေရှာရသည်ကို အမှန်တကယ်ပင် ငြီးငွေ့နေပြီး အကျင့်ပျက်နေသည်ဟုပင် ခံစားလာရသည်။ သူ အမှန်တကယ်ပင် အကျင့်ပျက်နေလေပြီ။

ဥက္ကဋ္ဌနှင့်တွေ့ရန် အိမ်သို့ပြန်သောအခါ ထိုအရှက်ရမှုက သူ့အားပြုံးစေသည်။ (tn/ ဥက္ကဋ္ဌကိုတွေ့လိုက်ရတော့ စိတ်ပြောင်းသွားတာကြောင့်ဖြစ်မယ် .. )

သူ ပြုံးလိုက်ပြီးမှ စာချုပ်ထဲမှ အချက်ကို ချိုးဖောက်မိပြန်သည်ကို သတိရသွားသည်။ ထို့ကြောင့် သူ့မျက်နှာမှအပြုံးကို ချက်ချင်းပင် ပြန်ဖယ်လိုက်ပြီး ခေါင်းငုံ့ချလိုက်မိသည်။

ထိုအရာက အရမ်းကို အကျင့်ပျက်နေခြင်း မဟုတ်ပါလား။ နှစ်ရက်ခွဲလေးသာ ခွင့်ရလိုက်သည်။ သူက စည်းမျဉ်းတွေကိုတောင် မေ့သွားခဲ့သည်။

ဥက္ကဋ္ဌက အစားထိုးလေးတစ်ယောက် ပြန်ရောက်လာသည်နှင့် သူ့အားပြုံးပြလာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် တစ်ခုခုကို ဖုံးကွယ်ချင်နေသလိုမျိုး ခေါင်းအားငုံ့ချလိုက်ပြန်သည်။

သူ အစားထိုးလေးနှင့် မတွေ့ရသည်မှာ နှစ်ရက်ခွဲပင်ရှိသေးသည်။ အစားထိုးလေးတစ်ယောက် မျက်တွင်းများချောင်ကျကာ အတော်လေး ဖျော့တော့နေ၏။ မတ်တပ်ရပ်နိုင်သေးသော်လည်း သူ၏မျက်နှာကို ဖုံးကွယ်ရန်အတွက်တော့ ခက်ခဲနေတုန်းပင်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now