Chapter 9

1K 138 0
                                    

Uni

30.

အမှန်တကယ်မှာတော့ ထိုသို့ ကောင်းသည့်အရာမျိုး မရှိပါချေ။

အစားထိုးလေးတစ်ယောက် ပျော်နေသည်မှာ သုံစက္ကန့်ပင်မပြည့်လိုက်။ ဥက္ကဋ္ဌက အစားထိုးလေးအား သူ့ပေါင်ပေါ်ကောက်တင်လိုက်ပြီး ထိုင်စေ၍ စာလုပ်ခိုင်းလေသည်။

ဥက္ကဋ္ဌ - " ဆက်လုပ်လေ။ ကိုယ့်ကိုဂရုစိုက်မနေပါနဲ့ .. "

အစားထိုးလေးတစ်ယောက် သူ့လက်ထဲရှိ ဘောပင်အား ချိုးမိလုနီးပါးဖြစ်သွားသည်။ သို့သော် ဥက္ကဋ္ဌအား သူ စာကြည့်နေသည်ကို စောင့်ကြည့်ကြီးကြပ်သူတစ်ယောက်ဟု တွေးလိုက်မိတော့ စိတ်လျော့သွားသည်။

အစားထိုးလေးမှာ ဥက္ကဋ္ဌကဲ့သို့ စိတ်ထင်တိုင်းပြုမူ၍မရချေ။ ထို့ကြောင့် မေးခွန်းများကိုသာ အလေးအနက်ထားပြီး လုပ်နေလိုက်တော့သည်။

သို့သော် မိနစ်အနည်းငယ်ကြာပြီးနောက် အစားထိုးလေးတစ်ယောက် စာလုပ်နေရာမှ ရပ်တန့်လိုက်သည်။ သူက ကိန်းဂဏန်းများစွာပါသည့် ပုစ္ဆာနှင့်ပတ်သတ်၍ မဖြေရှင်းနိုင်ဘဲရှိနေလေ၏။

အစားထိုးလေးက ပုံမှန်အားဖြင့် အတော်စိတ်ရှည်သည့် လူအမျိုးအစားထဲတွင်ပါသည်။ သို့သော်လည်း ထိုအရာက အတိတ်တွင်ကျန်ခဲ့လေပြီ။ သူက အခြားတစ်ယောက်ပေါင်ပေါ်တွင် ထိုင်နေရပြီး ထိုလူက သူ့အား စိုက်ကြည့်နေသဖြင့် မလွဲဧကန် စိတ်မရှည်ဖြစ်နေခြင်းပင်။

သူ ထိုပုံစံနှင့် ဆက်မထိုင်ချင်တော့သလို ဥက္ကဋ္ဌအား သူ့နားမှ ထွက်သွားစေချင်လာသည်။

ထိုသို့မဟုတ်လျှင် ဥက္ကဋ္ဌနှင့်စကားပြောပြီး ပညာရှိနှင်နည်းနှင့် အိပ်ရာစောစောဝင်ရန်ပြောလိုက်မည်။ ထို့နောက် သူ့ဦးနှောက်အား မိနစ်အနည်းငယ်လောက်တော့ အနားပေးရမည်ဟု အစားထိုးလေးတစ်ယောက် တွေးနေလေ၏။

သို့သော် သူ မပြောမီ ဥက္ကဋ္ဌက မေးလာသည်။

" ဒီမေးခွန်းကို မဖြေရှင်းတတ်လို့လား .. "

ဥက္ကဋ္ဌက ထိုသို့ပြောကာ ဘောပင်ယူပြီး ပုစ္ဆာကိုဖြေရှင်းပြလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် အဖြေမှန်ဖြစ်မှန်း ပြောနိုင်လိမ့်မည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now