Chapter 27

654 91 0
                                    

Uni

89.

ဥက္ကဋ္ဌအမေ ရုတ်တရက် အလည်လာသည်ကြောင့် ဥက္ကဋ္ဌနှင့် အစားထိုးလေးမှာ အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်၏ တုံ့ပြန်မှုအားမြင်သောအခါ အမျိုးသမီးကြီးက ပြောလာလေ၏။

" ဘာလဲ ... မကြိုဆိုဘူးလား .. "

" ဒါပေါ့ .. အမေ့ကို မကြိုဆိုဘူး။ အဲ့ဒါကြောင့် ပြန်သွားလိုက်ပါလား ... "

ဥက္ကဋ္ဌက ထပ်ပြောလိုက်သည်။

" ဘယ်လိုလူက မပြောမဆိုနဲ့ ရောက်လာလို့လဲ အမေ .. "

အစားထိုးလေးက စကားရပ်သွားသည့် ဥက္ကဋ္ဌအား တစ်ချက်ကြည့်လိုက်ပြီး ဥက္ကဋ္ဌ၏ အမေဖြစ်သူအား ပြောလိုက်သည်။

" မဒမ်၊ အရင်ဆုံး အထုပ်အပိုးတွေကို မဒမ့်အခန်းဆီ ယူသွားလိုက်မယ်ခင်ဗျ ... "

ဥက္ကဋ္ဌ၏အမေက အစားထိုးလေးနှင့် သဘောတူညီချက် ပြုလုပ်ခဲ့သော်လည်း အမှားတစ်စုံတစ်ရာ ဖြစ်မည်စိုးသည်ကြောင့် သူ့သားနေထိုင်ရာ၌ မြေခွေးမအား လျှပ်တစ်ပြက် ထိုးနှက်ချက်များ ဖန်တီးလို၍ ရောက်လာခြင်းပင်။

သို့ရာတွင် သူ မှန်းထားသည်နှင့် ကွဲပြားစွာပင် အိမ်က သန့်သန့်ရှင်းရှင်းနှင့် ဧည်သည်ခန်းများမှာလည်း သပ်သပ်ရပ်ရပ်‌လေးပင်။

သူတို့နှစ်ယောက်က fancy ဆန်ဆန် အဝတ်အစားများအား မဝတ်ဆင်ထားကြသော်လည်း သူတို့ကိုယ်၌ ဝတ်ထားသော အိမ်နေရင်းဝတ် အဝတ်များကပင် စုံတွဲဝတ်စုံများလို လိုက်ဖက်မှုရှိနေသေး၏။

မဒမ်တစ်ယောက် စိတ်ပျက်သွားသည်။

ဧည့်ခန်းကို ပြန်ရောက်လာပြီးနောက် အစားထိုးလေးက အသီးများယူလာပေးသည်။

ဥက္ကဋ္ဌအမေက အခွံနွှာထားသည့် စပျစ်သီးများအား မြင်သည့်အခိုက် အစားထိုးလေးအား ခနဲ့လိုက်သည်။

" မင်း ငါ့ရှေ့မှာ ပုံစံကောင်းတစ်ခု လုပ်ပြဖို့မလိုပါဘူး။ မင်း လုပ်နေကြအတိုင်းသာလုပ်စမ်းပါ ... "

ထိုအခါ ဥက္ကဋ္ဌက ဝင်ပြောလိုက်သည်။

" သူက အမြဲတမ်း ဒီလိုပါဘဲ။ ပုံမှန်ဆို ကျွန်တော့်အတွက် အခွံနွှာပေးရုံတင်မကဘူး ခွံ့ပါကျွေးသေးတယ် .. "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now