Chapter 25

687 91 2
                                    

Uni

83.

ဥက္ကဋ္ဌအမေတစ်ယောက် တိတ်ဆိတ်သွားလေ၏။

အစားထိုးလေးက ထိုအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး သတိထားပြောလိုက်သည်။

" မဒမ်အနေနဲ့ ရှေ့နေတစ်ယောက် ငှားချင်သေးလား။ ' ထွက်သွားပေးရမယ် ' ဆိုတဲ့ အဓိပ္ပာယ်ကို တိတိကျကျလေး ပြောပေးလို့ရမလား မဒမ်။ ပြီးရင် ကျွန်တော် မဒမ့်တောင်းဆိုချက်အတိုင်း ထွက်သွားပါ့မယ် ... "

ဥက္ကဋ္ဌအမေက နှာခေါင်းတစ်ချက်ရှုံ့ကာ အေးစက်စက်ပြောလာသည်။

" ပိုက်ဆံကိုပဲမြင်တဲ့ မင်းလိုလူတစ်ယောက်ကို သူဘယ်လိုများ ချစ်နိုင်ရတာလဲ ... "

အစားထိုးလေးက သူလည်း သိချင်နေသလိုပုံစံလေးဖြင့် ပြန်ပြောလေသည်။

" ကျွန်တော်လည်း မပြောတတ်ဘူး ... "

အစားထိုးလေး၏ ကတိကဝတ်က သူ စိတ်ကူးထားသည်ထက် ကျော်လွန်ပြီး အလွန်ပင် ရိုးရှင်းလွန်းနေသည်။ ထို့ကြောင့် ဥက္ကဋ္ဌအမေက ပြောလိုက်လေသည်။

" မင်း သူ့အနားကနေထွက်သွားပြီး သူ့ကို လုံးဝလက်လျှော့ပေးရမယ် ... "

ထိုအရာအား စဉ်းစားပြီးသည့်နောက် အစားထိုးလေးက ပြန်ပြောလိုက်သည်။

" လုံးဝကြီး လက်လျှော့လိုက်ဖို့ကတော့ မလွယ်ဘူး ... အချိန်နည်းနည်းတော့ယူရလိမ့်မယ် ... "

" ကျွန်တော်သာ ရုတ်တရက် ထွက်သွားလိုက်မယ်ဆိုရင် မဒမ်က ကျွန်တော့်ကို အတင်းအကျပ်ခိုင်းပြီး ဒုက္ခရောက်အောင်လုပ်လိုက်တယ်လို့ သူအထင်မှားသွားလိမ့်မယ် ... "

အစားထိုးလေးက ဆက်ပြောလေသည်။

" ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ မဒမ်က နားထောင်ချင်ရဲ့လားတော့ မသိဘူး ... "

ဥက္ကဋ္ဌအမေက မေးဆတ်ပြကာ ပြောပြရန် ကိုယ်ဟန်ပြလိုက်လေ၏။

" ကျွန်တော့်ကို မုန်းသွားအောင်လုပ်ရမယ် ... "

" အရင်ဆုံး ကျွန်တော် သူနဲ့အတူ ဟန်ဆောင်နေလိုက်ဦးမယ်။ နှစ်လကြာရင်တော့ သူ့ကိုထားခဲ့လိုက်မယ်။ ကျွန်တော်သာ ပိုက်ဆံနည်းနည်းအတွက် သူ့ကိုထားခဲ့တာ သိသွားရင် သူ ကျွန်တော့်ကို မုန်းသွားလိမ့်မယ်။ အဲ့အချိန်ကြရင် သူ့အမေရဲ့ ကောင်းစေချင်တဲ့ရည်ရွယ်ချက်ကို နားလည်သွားလိမ့်မယ်လေ .. "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now