Chapter 22

1K 112 0
                                    

Uni

74

အစားထိုးလေးတစ်ယောက် စာချုပ်ပါ အကြောင်းအရာများအတိုင်း ပြောင်းလဲလုပ်ဆောင်နေရလေပြီ။

အစားထိုးလေးတစ်ယောက် ကျောင်းက ဆရာမှာ ဥက္ကဋ္ဌနှင့် သက်တူရွယ်တူ ငယ်ငယ်ရွယ်ရွယ် ဆရာတစ်ဦးဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ ကျောင်းသို့ရောက်သည့်အခါတွင်မှ အသက်ကြီးကြီး ပါမောက္ခကြီးတစ်ဦးဖြစ်မှန်း သိလိုက်ရသည်။

သူ ထိုပါမောက္ခကြီးနှင့်တွေ့တော့ ပါမောက္ခကြီးက သူ့နာမည်ကိုတောင် မမေးခဲ့ပေ။ သူ့အား အလုပ်တန်းခိုင်းတော့သည်။

သန့်ရှင်းရေးလုပ်ခြင်းနှင့် ပစ္စည်းပစ္စယများ နေရတကျစီပေးခြင်းစသည့် ဝေယျာဝစ္စများမှာ ကျောင်းသားများအတွက် အမှတ်ရစေမည့် အလုပ်များပင်ဖြစ်သည်။

အတန်းအတွက် ဝေယျာဝစ္စကလည်း ထပ်လောင်းရှိပါသေးသည်။ အစားထိုးလေး၌ အတန်းအချိန်ဇယားမှာ အချိန်ပြည့်လိုပင် ဖြစ်နေသည်။ နေ့တိုင်းလိုလို အိမ်ပြန်ရောက်ချိန်တိုင်း သူ့မှာ ခေါင်းများမူးနောက်ကာ တုပ်တုပ်မျှမလှုပ်နိုင်တော့ချေ။

သို့သော်ငြား သူ စိတ်ရောကိုယ်ပါ အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ ထိုကျောင်းအား ယခင်ကတည်းက သဘောကျခဲ့ရပြီး တစ်နေ့ ထိုကျောင်း၌ အတန်းတက်ရလိမ့်မည်ဟု သူ တစ်ခါမျှမတွေးဖူးပါချေ။ ထိုအကြောင်းအားစဉ်းစားမိတော့ မည်မျှပင် ပင်ပန်းနွမ်းနယ်နေပါစေ သူဘာကိုမျှ မကြောက်တော့ပေ။

သူ စိတ်မကောင်းဖြစ်မိသည်က ဥက္ကဋ္ဌအတွက်ပင်ဖြစ်သည်။ သူ့ အိမ်ပြန်ချိန်က နောက်ကျသဖြင့် ချက်ပြုတ်ပြီးစီးသည့်အချိန်၌ ခုနစ်နာရီပင် ထိုးလုနီးနီးဖြစ်သွားတတ်သည်။ ထို့ကြောင့် သူမှာ အိမ်သန့်ရှင်းရေးလုပ်ရန် အချိန်မပိုပေ။

သူ အိမ်မှုကိစ္စများကိုပါ ပြီးစီးအောင်လုပ်ချင်သော်လည်း ခုနစ်နာရီရောက်သည် နှင့်တစ်ပြိုင်နက် ဥက္ကဋ္ဌက ပြန်ရောက်လာပြီး သူ့အားအောက်ပါအတိုင်း ပြောလိမ့်မည်။

" အလုပ်ဆင်းတော့လေ။ အဲ့ဒါတွေလုပ်မနေနဲ့တော့ ... မင်းနားလို့ရပြီ ... "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now