Chapter 20

820 114 4
                                    

Uni

69.

အမှန်တကယ်မှာတော့ အစားထိုးလေးတွင် ထုပ်ပိုးစရာ သိပ်မရှိပါချေ။ သူက ဥက္ကဋ္ဌ ဝယ်ပေးထားသော မည်သည့်အဝတ်အစားကိုမျှ မယူခဲ့ပေ။ ပြဋ္ဌာန်းစာအုပ်များကိုသာ သေတ္တာထဲထည့်ပြီးနောက် အခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။

သို့ရာတွင် အစားထိုးလေးတစ်ယောက် တရေးရေးတွေးကြည့်နေရင်း သည်အိမ်၌ သူ့အတွက် အမှတ်ရစရာ အတော်များများရှိနေပြီဟု သိလိုက်ရသည့်အချိန်၌ ညသန်းခေါင်ပင် ရောက်လုနေလေပြီ။

ထုပ်ပိုးပြီးသည့်နောက် သူ ဧည့်ခန်းကိုသွားလိုက်သည်။ ဧည့်ခန်းမီးများက ပိတ်ထားပြီး TV တစ်ခုတည်းက ပွင့်နေလေသည်။

TV ထက်ရှိ ဘောလုံးပွဲက ပြီးသေးပုံမရချေ။ ထို့ပြင် ဥက္ကဋ္ဌတစ်ယောက် ဆိုဖာပေါ်တွင် ခွေခွေလေးအိပ်နေလေ၏။

အစားထိုးလေးတစ်ယောက် အကူအညီမဲ့သွားသလိုပင်။ အထက်စီးဆန်သည့် အခြားဥက္ကဋ္ဌများဆိုပါက ယခုလိုအချိန်၌ အပျော်ရှာရန်နှင့် ဆက်ဆံရေးအသစ်စတင်ရန်အတွက် ဟိုတယ်ကိုသွားနေလောက်မည်။

အစားထိုး‌လေးက ဥက္ကဋ္ဌအား စောင်ခြုံပေးလိုက်သည်။ ပြီးနောက် ဥက္ကဋ္ဌတစ်ယောက် အရက်မူးနေသည့်ညကလို ဆိုဖာရှေ့၌ ခေတ္တမျှထိုင်နေခဲ့လေ၏။

နောက်နေ့ ဥက္ကဋ္ဌတစ်ယောက် နိုးလာသောအခါ စားပွဲအပြည့်တည်ခင်းထားသော မနက်စာက ပူနေဆဲဖြစ်သော်လည်း သည်နေရာ၌ အစားထိုးလေး မရှိတော့သည်ကတော့ ကြာနေပုံရ၏။

သူက စားပွဲ၌ အထီးကျန်စွာ ထိုင်နေလိုက်တော့သည်။ ရုတ်တရက် တံခါးအပြင်ဘက်က လှုပ်လှုပ်ရှားရှားအသံတချို့ ကြားလိုက်ရသည့်နောက် ဥက္ကဋ္ဌတစ်ယောက် အလျင်အမြန်ထလာလိုက်သည်။

တံခါးကိုဖွင့်လိုက်တော့ တံခါးအပြင်ဘက်၌ အစားထိုးလေးတစ်ယောက် ကတ်ထူသေတ္တာအား အပြင်သို့ သယ်ထုတ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ပထမဦးဆုံးတွေ့သည့်အချိန်ကလိုပင် အစားထိုးလေးက ဟောင်းနေသော်လည်း သန့်ရှင်းသည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now