Chapter 26

667 89 2
                                    

Uni
86.

ထိုအရာများအားလုံးက ဟန်ဆောင်နေခြင်းတစ်ခုသာ ဖြစ်ကြောင်း သိနေသည်ကိုတောင် တစ်ခါတလေတော့ အစားထိုးလေးမှာ မပျော်ဘဲမနေနိုင်ပါချေ။

သည်တစ်ခေါက် စာမေးပွဲရလဒ်များထွက်လာပြီး အစားထိုးလေးတစ်ယောက် ဘာသာရပ်လေးခုလုံးအား အမှတ်မြင့်မြင့်ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

အစားထိုးလေးက အလွန်ပျော်နေပြီး ဥက္ကဋ္ဌအား ချက်ချင်းပြောပြလိုက်တော့သည်။ ဥက္ကဋ္ဌက သူ့အား ' !!! ' များအား အကြိမ်များစွာ စာရိုက်ပို့ခဲ့ပြီးနောက် သူ့အတွက် ဂုဏ်ယူပါသည်ဟု ပြောခဲ့သည်။

ထိုစာလုံးများအားကြည့်ကာ အစားထိုးလေးတစ်‌ယောက် အမှတ်များသိရသည်ထက်ပင် နှစ်ဆပိုပျော်သွားလေ၏။ ထို့နောက် ဥက္ကဋ္ဌအား စာပြန်လိုက်သည်။

' ဒီနေ့ ခင်ဗျား အိမ်ပြန်ရောက်ရင် အရသာရှိတာတစ်ခုခု ချက်ပေးမယ် '

ဥက္ကဋ္ဌက ခွေးလေးတစ်ကောင် အမြှီးနှံ့နေသည့်ပုံလေး ပြန်ပို့လာလေသည်။

အစားထိုးလေးတစ်ယောက် ညစာအတွက် ဘာချက်ရမည်ကို စဉ်းစားနေကာ ဟင်းသီးဟင်းရွက်များ အတူတူသွားဝယ်ရန် ဥက္ကဋ္ဌအား ခေါ်ရမည်ဟု တွေးလိုက်သည်။ တစ်ဖက်လူလည်း အတော်လေး ပျော်ရွှင်သွားလိမ်မည်။ သူ ထိုသို့ပြောလိုက်ပါက ဖြစ်ပျက်သွားမည့် ဥက္ကဋ္ဌ၏ မျက်နှာအမူအရာအား တွေးကာ အစားထိုးလေးက ပြုံးရယ်မိသွားသည်။ ထို့နောက် တစ်ဖက်လူအား အတူသွားရန် message နောက်တစ်ခု မြန်မြန်ပို့၍ မေးလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျပင် တစ်ဖက်လူက စာပြန်လာလေသည်။

ဥက္ကဋ္ဌ ပျော်နေသည်ကို မြင်ရသည်က သူ့အားလည်း ပျော်ရွှင်စေသည်ကိုတော့ သူ ဝန်ခံရလိမ့်မည်။

87.

self-examination သာမက အစားထိုးလေး ပါဝင်ခဲ့သည့် တက္ကသိုလ်မှ တင်ပြချက်များ၏ ရမှတ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ အစားထိုးလေးက ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပြီး ပါမောက္ခကြီးထံမှ ရှားရှားပါးပါး ချီးကျူးခံလိုက်ရသည်။

အစားထိုးလေးတစ်ယောက် အပျော်လွန်နေသည့်အခိုက် သူ့အား ချီးမွမ်းထားသည်မှာ မကြာသေးသည့် ပါမောက္ခကြီးမှ ထပ်ပြောလာသည်။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now