Chapter 17

876 116 2
                                    

Uni

60.

ဥက္ကဋ္ဌတစ်ယောက် ညနေ အိမ်ပြန်ရောက်သောအခါ အစားထိုးလေး၏ တုံ့ပြန်မှုကို သတိထားမိသွားသည်။ အစားထိုးလေးက သူနှင့် လရောင်ဖြူလေးအား ယခင်ကကဲ့သို့ လုပ်ကိုင်ပေးနေလေသည်။ ထို့ပြင် အစားထိုးလေး၏ မျက်နှာအသွင်အပြင်မှာလည်း မထူးခြားနား ပုံမှန်အတိုင်းသာရှိနေသည်ကို တွေ့လိုက်ရ၏။

အစားထိုးလေး အိမ်မှုကိစ္စများ လုပ်ကိုင်ပြီးစီးသွားသည့်နောက် အခန်းပြန်သည့်အချိန်တွင် ဥက္ကဋ္ဌတစ်ယောက် အနောက်မှလိုက်သွားလေသည်။

အစားထိုးလေးက စာလေ့လာရန် လုပ်နေသော်လည်း ဥက္ကဋ္ဌက ခုတင်ကို ပုတ်ပြလိုက်သည်ကြောင့် အိပ်ရာပေါ်သွားလိုက်ရသည်။

ဥက္ကဋ္ဌက မနက်ထသည်နှင့် မကြာခင်မှာပဲ အလုပ်စလုပ်ရသည်ကို သဘောကျသော်ငြား လတ်တလောတွင် သူ့အားပွေ့ဖက်ကာ စကားပြောရသည်ကို သဘောကျနေဟန်ရှိသည်။ ဥက္ကဋ္ဌသာ မရှိတော့လျှင်ဟု အစားထိုးလေးတစ်ယောက် တစ်ကြိမ်တစ်ခါတော့ တွေးကြည့်ခဲ့ဖူးသည်။ သို့သော် အနှောင်အဖွဲ့ခံထားရသည့် ခံစားချက်က သိပ်တော့မဆိုးပါချေ။ ထို့ကြောင့် သူ ထိုအကြောင်းအား မစဉ်းစားဘဲနေလိုက်တော့သည်။

ဥက္ကဋ္ဌက အစားထိုးလေးအား ရင်ခွင်ထဲထည့်ကာ ခုတင်ပေါ်တွင် အတူလှဲနေစေလျက် နှစ်ယောက်သား စကားပြောနေကြသည်။

" နှစ်ပတ်အတွင်းမှာ စာမေးပွဲတွေလာတော့မယ်။ မင်းပြင်ဆင်ရတာ အဆင်ပြေရဲ့လား .. "

" ခင်ဗျားနဲ့ Mr. X တို့ ကျွန်တော့်ကိုသင်ပေးနေကြတာပဲ။ ဘာပြဿနာမှမရှိလောက်ပါဘူး ... "

" Mr. X ဆိုတဲ့ အခေါ်အဝေါ်ကို အတော်လေး ရင်းရင်းနှီးနှီးတောင်သုံးနေပြီပေါ့လေ ... "

" ခင်‌ဗျား သူနဲ့အတူ သွားမနေဘူးလား ... "

ဥက္ကဋ္ဌက အနည်းငယ်မျက်နှာအိုကျသွားသည်။ သည်အစားထိုးပေါက်စတစ်ယောက် သူ့ရင်ခွင်ထဲမှာနေနေပြီး အခြားလူများကို စဉ်းစားနေသေးသည်လား။

ဥက္ကဋ္ဌ - " မင်း သူနဲ့ဘာလုပ်စရာရှိလို့လဲ။ မင်း သူ့အပေါ် အရမ်းကောင်းနေသလားလို့ ... "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now