Chapter 16

937 115 1
                                    

Uni

56.

ရက်အနည်းငယ်အကြာမှာတော့ အပြင်ထွက်စားသောက်ကြရန် ဥက္ကဋ္ဌနှင့် လရောင်ဖြူလေးတို့က အစားထိုးလေးအား ခေါ်လာခဲ့ကြသည်။

လရောင်ဖြူလေးက အစားထိုးလေးအား ကမ္ဘာကြီးကိုလေ့လာရန် ခေါ်လာရသည်ကို နှစ်သက်နေလေသည်။ ဤအခေါက်တွင်တော့ သူက အစားထိုးလေး တစ်ခါမျှမစားဖူးလောက်သည့် ဂျပန်အစားအစာကို ရွေးချယ်လိုက်၏။

စားကြသောက်ကြသည့်အတောအတွင်း လရောင်ဖြူလေးဟာ အစားထိုးလေးအား စိတ်အားထက်သန်စွာနှင့် ရှင်းပြခဲ့ပြီး အစားထိုးလေးမှာလည်း ဝမ်းသာအားရ တုန့်ပြန်စကားပြောနေလေသည်။ ဥက္ကဋ္ဌတစ်ယောက်မှာတော့ ဘာမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဥက္ကဋ္ဌက စိတ်မရှည်တော့ဘဲ ဆိုလာသည်။

" မင်း လူကို လိုက်မှတ်ဖို့အချိန် ပေးလိုက်ပါအုံးလား။ သူ့လက်ပေါ်မှာ လိုက်မှတ်နေတာကို မမြင်ဘူးလား။ အလွတ်ပါကျက်ခိုင်းမလို့လား ... "

လရောင်ဖြူလေးက အစားထိုးလေးတစ်‌ယောက် အင်္ဂလိပ်စာ လိုက်ရေးနေသလား၊ သင်္ချာ လိုက်ရေးနေသလား သိရရန် အစားထိုးလေးလက်အား ဆွဲယူလိုက်သည်။ အစားထိုးလေးလက်ထဲ၌ အင်္ဂလိပ်စာသာမက သင်္ချာစာပါ ရေးထားသည်ကို တွေ့လိုက်တော့မှ ကျေနပ်သွားလေ၏။

ထိုအခိုက် တစ်စုံတစ်ယောက်က သူတို့စားပွဲသို့ ရုတ်တရက် ရောက်လာလေသည်။ ထိုသူက လရောင်ဖြူလေးနှင့် ဥက္ကဋ္ဌအား ဝမ်းသာအားရ နှုတ်ဆက်လာလေသည်။

ထိုစဉ်လရောင်ဖြူလေးနှင့် ဥက္ကဋ္ဌတို့၏ မျက်နှာအမူအရာများက ရုတ်ချည်း ပြောင်းလဲသွားသည်။

လရောင်ဖြူလေး၏ အားရပါးရပြောနေသည့်နှုတ်က ရုတ်တရက် ပိတ်ကျသွားပြီး ခေါင်းငုံ့ကိုင်းကာ ခွက်ကိုထိနေတော့သည်။ ဥက္ကဋ္ဌကတော့ မျက်မှောင်ကြုတ်နေလေ၏။ ( tn/ တစ်ခုခုယူသောက်ဖို့လုပ်နေတာလို့ ပြောချင်တာထင်တယ်။ )

အစားထိုးလေးတစ်ယောက် ချက်ချင်းသဘောပေါက်လိုက်သည်။ ထိုအရာမှာ သူ(1)က သူ့(2)ကိုချစ်သည်။ သို့သော် သူ(2)ကတော့ သူ့(1)ကိုမချစ်ပေ။ သို့သော် သူ့(3)ကိုတော့ချစ်သည် ဆိုသော ဇာတ်လမ်းပင်ဖြစ်၏။ (tn/ 1 = ဥက္ကဋ္ဌ၊ 2 = လရောင်ဖြူလေး၊ 3 = သူတို့ စားပွဲသို့ရောက်လာသူ )

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now