Chapter 14

900 138 3
                                    

Uni

50.

ညစာစားပြီးနောက် သူတို့သုံးဦးသည် ချက်ချင်းအိမ်မပြန်ခဲ့ကြပေ။ အစာချေရန်အလို့ငှာ အနီးအနားတစ်ဝိုက် လမ်းလျှောက်ထွက်ခဲ့ကြသည်။

ဥက္ကဋ္ဌနှင့် လရောင်ဖြူလေးတို့မှာ ဘေးချင်းယှဉ်လျက်လျှောက်နေကြပြီး အစားထိုးလေးမှာတော့ ခေါင်းငုံ့ကာ သူတို့ အနောက်မှလျှောက်လေသည်။

လရောင်ဖြူလေးက အဆိုပြုလာသည်။

" ဒါက ရှားရှားပါးပါး အခွင့်အရေးမဟုတ်လား။ ဘာလို့ ငါတို့အတူ ဘားမသွားကြတာလဲ .. "

ဥက္ကဋ္ဌက တစ်လျှောက်လုံး လမ်းသာလျှောက်နေခဲ့ပြီး ဘာထင်မြင်ချက်မှ မပေးပေ။ သူတို့နှစ်ယောက် အနောက်ပြန်လှည့်လိုက်သည့်အခိုက် အစားထိုးလေး၏ ကသိကအောက်ဖြစ်နေသည့် မျက်နှာအား မြင်လိုက်ရသည်။

ထိုအခါ လရောင်ဖြူလေးက ပြောလိုက်သည်။

" ငါတို့သွားမယ့် ဘားက တကယ်ကောင်းပါတယ်။ မင်း အဲ့ဒီကို တစ်ခါမှရောက်ဖူးမှာမဟုတ်ဘူး။ အရာရာတိုင်းကို မသင်ယူချင်ဘူးလား .. "

အစားထိုးလေးက လရောင်ဖြူလေး၏ အမေးကို ပြန်ဖြေသည်။

" ဒါပေမဲ့ ကျွန်တော် ဆရာ X သင်ပေးထားတာတွေကို သုံးသပ်ချက်ရေးဖို့ ပြန်ချင်လို့ပါ။ ဆရာ X ခုလိုမျိုး ကျွန်တော့်ကို အများကြီးသင်ပေးတာက ရှားတယ်လေ။ သုံးသပ်ချက်မလုပ်လိုက်ရရင် တကယ်နှမြောစရာဖြစ်သွားလိမ့်မယ်။ "

လရောင်ဖြူလေးတစ်ယောက် အစားထိုးလေးထံမှ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ဆရာ X ဟုပင် ခေါ်ခံလိုက်ရသည်။ ထို့နောက် လရောင်ဖြူလေးက အစားထိုးလေးအားပြောလိုက်လေသည်။

" ဒါဆိုလဲ အိမ်ပြန်ချင်ပြန်လေ .. "

ဥက္ကဋ္ဌက ဝင်ပြောကာ တားလိုက်သည်။

" မဟုတ်ဘူး။ ဘားကိုသွားကြမယ် .. "

ဥက္ကဋ္ဌက အစားထိုးလေးအား အေးစက်စက်နှင့်ကြည့်လိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။

" ဘာပဲဖြစ်ဖြစ် မင်းက အင်္ဂလိပ်စာကိုပဲ ပြန်သုံးသပ်ချင်တယ်ပေါ့လေ၊ မင်း အခြားဘာသာရပ်တွေကိုတောင် မလုပ်ချင်တော့ဘူးပေါ့။ ဒါကြောင့် ပြန်သုံးသပ်ဖို့ အချိန်အများကြီးမလိုလောက်ပါဘူး။ "

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now