Chapter 2

1.4K 156 2
                                    

Uni

4.

သူ အစားထိုးတစ်ယောက်အဖြစ် စတင်အလုပ်လုပ်ခဲ့သည်။

ဥက္ကဋ္ဌက နေ့စဉ် ညနေ (၇) နာရီဝန်းကျင်တွင် အိမ်ပြန်လာတတ်သည်။ ထို့ကြောင့် သူက ဥက္ကဋ္ဌ အိမ်သို့မရောက်ခင်စပ်ကြား ချက်ပြုတ်ခြင်းအမှုပြုလို့ ဥက္ကဋ္ဌ ပြန်အလာကိုစောင့်ရ၏။

ဥက္ကဋ္ဌ စားသောက်ပြီးစီးသည့်နောက် အခြားလုပ်လက်စအလုပ်များ ဆက်လုပ်ဦးမည်ဆိုပါလျှင် သူက ဥက္ကဋ္ဌအနားတွင် တိတ်တိတ်လေးထိုင်ပေးမည်။ ထိုသို့မဟုတ်လျှင် လျှော်ဖွတ်စရာများရှိပါက စာကြည့်ခန်းမှ တိတ်တဆိတ်ထွက်သွားပြီး လျှော်ဖွတ်ခြင်းအမှုကို ပြုလိမ့်မည်။

ဥက္ကဋ္ဌ ရေးချိုးလိုသောအခါမျိုး၌ ရေချိုးကန်ကိုရေဖြည့်ပေးပြီး ဥက္ကဋ္ဌတစ်ယောက် ရေချိုးခန်းမှ ထွက်လာသည်နှင့် ချက်ချင်း အသင့်သောက်နိုင်ရန် ရေးအေးအေးလေးဆက်သရမည်။

ညပိုင်းမှာတော့ ဥက္ကဋ္ဌတစ်ယောက် ခွန်အားပြည့်ဝနေမည်ဆိုပါက သူက လဲလျောင်းပေးကာ အရှက်အကြောက်မဲ့စွာနှင့် လေ့ကျင့်ခန်းလုပ်ကြမည်ဖြစ်၏။

နေ့ရက်များမှာ အလွန်ငြီးငွေ့စရာကောင်းနေပြီး ဥက္ကဋ္ဌ၏ တောင့်တမှုများက အတော်လေးကြီးမားလွန်းသည်။ သို့သော် သူ ခါးခါးသီးသီးတော့ မဖြစ်မိပါချေ။

အထီးကျန်ဆန်လှသည့် သည်ခေတ်ကြီး၌ သူ့အတွက် အစစအရာရာစီစဉ်ပေးသည့် ဥစ္စာပေါရုပ်ချော ပါတနာတစ်‌ယောက်အား ရှာရန်တွေ့ရန်မှာ အလွန်ခက်ခဲပေသည်။ ဥက္ကဋ္ဌတစ်ယောက် သူ့အပေါ်တွင် ပိုက်ဆံဖြုန်းချင်ပုံရသည်ဟု အစားထိုးလေးတစ်ယောက် တွေးမိလေ၏။

ထိုအရာက သူ့အတွက်တော့ ကောင်းချီးတစ်ခုလိုပင်။

5.

တကယ့် တကယ်မှာတော့ သူ့၌ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည့် အတားအစီးတစ်ချို့တော့ ရှိနေဆဲပင်။

ဥပမာပြောရပါက တစ်ခါတစ်ရံ ဥက္ကဋ္ဌက နောက်ကျသည်အထိ အလုပ်လုပ်တတ်၏။ ထိုနေ့မျိုး၌ သူနှင့်အတူ ဆက်နွှယ်ကြမည့်ဆိုပါက ညဆယ့်နှစ်နာရီပင် ရောက်သွားတတ်သည်။ ဥက္ကဋ္ဌတစ်ယောက် ဆက်နွှယ်ပြီးချိန်တွင်တော့ သူ့အလုပ်ချိန်ကျော်သွားလေပြီ။

လရောင်ဖြူလေးပြန်ရောက်လာပြီးနောက် အစားထိုးလေး အလုပ်လက်မဲ့အကျပ်အတည်းကျရောက်သွားWhere stories live. Discover now