အခန်း ၂။ ဘဝထဲကဗီလိန်ကောင် ၂
ကျောင်းနှင့် ယုယတို့အိမ်သည် ကားနဲ့သွားရင် အရမ်းကြီးမဝေးသော်လည်း လမ်းလျှောက်ရင်တော့ နာရီဝက်ကျော်ကျော်လောက်လျှောက်ရသည်။ ယုယငါးတန်းနှစ်ကနေစပြီး အဆင့်ကျသွားတိုင်း ဒီလိုအပြစ်ပေးနေကျမို့လို့ ယုယအတွက် လမ်းလျှောက်ရတာက အသစ်အဆန်းမဟုတ်တော့ပါဘူး။
အမြဲတမ်းအဆူခံနေရပေမယ့် အဆူခံရတိုင်းငိုချင်သည်။ အခုထိလည်း ယုယက မရက်ကျက်သေးပါဘူး။ တစ်ယောက်တည်းငိုယိုကာ ကိုယ့်အတွေးနဲ့ကိုယ် ခပ်သွက်သွက်လျှောက်ခဲ့ပါသော်လည်း ကျောင်းတတ်တဲ့အချိန်ကြီး ရောက်သွားတာကြောင့် နိုင်ငံတော်သီချင်းဆိုနေချိန် အတန်းအပြင်မှာမတ်တပ်ရပ်နေခဲ့ရသည်။ ယုယ အတန်းထဲဝင်လာတော့ ချစ်လှစွာသော သူငယ်ချင်းမက ဆီးကြို၍မေးလေသည်။
"နောက်ကျလားချည်လား ယုယရဲ့"
"လမ်းလျှောက်လာရလို့"
ယုယက ဆူပုတ်ကာပြန်ဖြေလိုက်လေသည်။ ယုယရဲ့မျက်နှာအရိပ်အကဲကိုနားလည်တဲ့ သူငယ်ချင်းမက ချက်ဆိုနားကွက်မီးတောက်ပြီးသား...
"ဟယ်...နင့်အဖေ ရီပို့ကဒ်တွေ့သွားပြီပေါ့"
"အေး...မောလိုက်တာဟယ်.."
ဆရာမ မလာခင်အချိန်လေး မနက်စားမြန်မြန်စားဖို့ ထမင်းဘူးကို ထုတ်လိုက်သည်။ ထမင်းဘူးထုတ်လိုက်တာနဲ့ သူငယ်ချင်းမက ခရင်းတစ်ချောင်းကိုကောက်ကိုင်ပြီး ကြက်သားတစ်ဖက်ကို အရင်ယူမြည်းလေသည်။ ယုယသည် သူ့လက်ထဲကခက်ရင်းကို ဆွဲလုပစ်လိုက်သည်။
"မကျွေးဘူးနင့်ကို! !ငါအဆူခံရတာ နင့် အာကျယ်ကောင်ကြောင့်! !"
"ဟဲ့...ဘယ်ကနေဘယ်လို ကိုကိုက...ငါ့အာကျယ်ကောင်ဖြစ်ရတာလဲ"
မေသက်ထားက ပါးလေးတွေရဲရင်း ယုယကိုပြန်ပြောသည်။ ယုယက ကိုကိုခေါ်လို့ သူကပါလိုက်ပြီး ကိုကိုခေါ်သည်။ သနားစရာကောင်းတဲ့ သူငယ်ချင်းသည် အာကျယ်ကောင်ကိုကြိုက်တဲ့ ကောင်မလေးတွေထဲက တစ်ယောက်သာဖြစ်ပါသည်။ အာကျယ်ကောင်ကလည်း ပြန်ကြိုက်မယ့် ကြိုက်တော့ နာမည်တူမရှား ယုယသူငယ်ချင်း မေသက်ထားမဟုတ်ပဲ၊ ဆယ်တန်းကသက်ထားကျော်တဲ့လေ။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်