အခန်း ၄၀။ အချစ်ကြီးသူကလဲ့စား ၂
ဒေါက်…ဒေါက်
တံခါးနှစ်ချက်ဆင့်ခေါက်သံကြောင့်သိင်္ခကျော်စွာအိပ်ရာကနိုးလာရသည်။တံခါးကိုရိုက်ချိုးတော့မတတ်တဒုံးဒုံးထုရိုက်နေတာမဟုတ်လို့အမေနဲ့အန်တီလေးတို့မဟုတ်မှန်းသိရသည်။ထို့ကြောင့်အိပ်ရာကထကာအပေါ်ရုံအင်္ကျီကို၀တ်ပြီးတံခါးသွားဖွင့်လိုက်သည်။အိမ်မကြီးဘက်က၀န်ထမ်းတစ်ယောက်က သိင်္ခအခန်း၀မှာရပ်နေသည်။
“ဘာကိစ္စလဲ…”
၀န်ထမ်းကရွှေရောင်လင်ဗန်းတစ်ခုကို သိင်္ခရှေ့ကမ်းပေးသည်။ အပေါ်မှာအထုတ်လေးတစ်ခုပါသည်။
“သိင်္ခအတွက်ပါဆယ်ထုတ်ရောက်နေပါတယ်”
သိင်္ခကဗန်းပေါ်ကပါဆယ်ထုတ်ကိုယူလိုက်ပြီးကျေးဇူးတင်ကြောင်းပြောကာတံခါးပြန်ပိတ်လိုက်သည်။deliveryကနေကြည်ဝေထွန်းနာမည်၊သိင်္ခလိပ်စာနဲ့အထုတ်တစ်ထုတ်ရောက်လာသည်။ အထုတ်ထဲမှာပါတာ memory stickတစ်ခု၊ ပို့လိုက်တဲ့လူက red door clubလိပ်စာနဲ့ဖြစ်နေသည်။ စင်စစ်မနေ့ညကကြည်ဝေထွန်း တောင်းဆိုထားတဲ့ အရာပဲဖြစ်လိမ့်မည်ဟု သိင်္ခအတပ်သိလိုက်သည်။ အောက်ထပ်ကဂိမ်းဆော့တဲ့အခန်းထဲမှာအိပ်နေတဲ့ကြည်ဝေထွန်းဆီဆင်းသွားလိုက်ပြီး သကောင့်သားကိုအိပ်ရာကနှိုးရသည်။
“ဟိတ်ကောင် ထစမ်း….ဒီမှာမင်းမှာထားတာပို့လိုက်ပြီ”
ဟိုကောင်ကတုတ်တုတ်တောင်မလှုပ်ဘူး။
“ကြည်ဝေ!”
သိင်္ခသူ့ကိုခြေထောက်နဲ့နည်းနည်းကန်လိုက်သည်။တစ်ဖက်ကိုလှည့်သွားပြီးမလှုပ်မယှက်ဆက်အိပ်နေသည်။
“ကြည်ဝေထွန်း…”
လှုပ်နှိုးတာတောင်တအင်းအင်း၊တအဲအဲနဲ့ညီးငြူနေတဲ့ကြည်ဝေထွန်းကနိုးမလာဘူး။ အိပ်ရာပေါ်တတ်ပြီးသူ့မျက်နှာကိုဆွဲကြည့်တော့မနေ့ညကထပ်တောင်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။မနေ့ညကသွေးပူနေတာရော၊ဘီယာအရှိန်ကြောင့်ပါထုံကြဥ်နေသမျှကမနက်မိုးလင်းမှာအကျိုးပေးနေတာပဲဖြစ်ရမည်။ကြည်ဝေထွန်းတစ်ယောက်ဒီတစ်နေကုန်အိပ်ရာကနေထနိုင်ပါ့မလားတောင်မသိဘူး။သနားတာနဲ့ဆက်မနှိုးနေတော့ပဲ သိင်္ခတစ်ယောက်တည်းmemory stickကိုဖွင့်ကြည့်လိုက်တော့သည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်