Chapter 13

1.1K 45 1
                                    


အခန်း ၁၅။ ကိုယ့်ရဲ့လရောင်လေး

"ယုယမင်းမော်! ! နင်သိရက်သားနဲ့တမင်လုပ်တာမဟုတ်လား! !"

"ဘာလဲ...ဘာလဲ...ငါဘာလုပ်မိလို့လဲ"

ယုယသည် အသံလေး​လေးနဲ့ တမင်ပြန်​ဖြေလိုက်သည်။ မနက်စောစောစီးစီဖုန်းဆက်လာပြီး လူကို​အော်​ဟောက်​နေတဲ့သိင်္ခတစ်​ယောက်ဟာ အားနာရကောင်းမှန်းလည်းမသိ။ ယုယမှာအိပ်ရာက အလူးအလဲထပြီး သူထိုင်ပွားတာကိုနားထောင်နေရသည်။

သူနဲ့ယုယဆက်ဆံရေးမှာ မနက်စောစောစီးစီးဖုန်းဆက်ပြီး ပြသနာရှာလို့ရတဲ့အထိ အဆင့်တတ်သွားတာမသိလိုက်ရပါလား။ ကိုယ်တော်ချောက သူတစ်ယောက်တည်း အဆင့်တွေသက်မှတ်နေပြန်ပြီထင်သည်။ ယုယအတွက်သူနဲ့ရင်းနှီးသွားတာကောင်းတာလား၊ ဆိုးတာလားတောင်မသိတော့ပါဘူး။

"သီတင်းကျွတ်ကျောင်းငါးရက်ပိတ်မယ်ဆိုတာသိလို့ သုံးရက်နေရင်အဖြေပြန်ပေးမယ်ပြောတာမဟုတ်လား နင်က​လေ တကယ်ကိုကယ်တင်လို့မရတော့တဲ့ လူလိမ်ပဲ"

ယုယသည် ဖုန်းကိုဝေးဝေးထားပြီးအားရပါးရ ရယ်ပစ်လိုက်သည်။ သူ့ကိုကြည့်ရတာ ​ကျောင်းပိတ်ရက်မှန်းအခုမှသိပုံပဲ။ ချောင်းနည်းနည်း ဟန့်လိုက်ပြီးမှ ခပ်တည်တည်ပြန်ပြောလိုက်သည်။

"ဟော...နင်အခုမှ ငါ့ကိုအပြစ်ပုံချနေတာလား၊ သုံးရက်နေရင်အဖြေပြန်ပေးဆိုတာ ငါပြောတာလား နင်ပြောတာလား"

တစ်ဖက်ကသိင်္ခသည် တခဏလောက်ပြောစကားပျောက်သွားပြီး နောက်တော့လည်းယုယကိုပဲ အပြစ်တင်လေသည်။

"...ဒါပေမယ့်...နင်ကငါ့ကိုသတိပေးရမှာပေါ့။ ငါကကျောင်းဖွင့်တယ်ထင်တာပေါ့ ကြားထဲမှာကျောင်းပိတ်ရက်ကြီးခံနေမှန်းငါမှမသိတာ..."

သိင်္ခအသံလေး တဖြေးဖြေးနဲ့အားလျော့သွားသည်။ လည်လွန်းလို့မွှတ်နေတဲ့ သိင်္ခကျော်စွာတစ်ယောက်က ကျောင်းပိတ်ရက်ငါးရက်ရှိတာမသိပဲ အဖြေတောင်းမိပြီး တစ်ယောက်တည်း ဂွကျနေသည်။

မနက်စောစောကျောင်းသွားဖို့ ပြင်ဆင်ပြီးကာမှ ​ကျောင်းပိတ်သည်မှန်း သူ့အမေပြောလို့သိရသည်တဲ့။ ယုယမှာအိပ်ရာထဲတွင် လူးလှိမ့်နေအောင်အူတတ်နေရပြန်ပြီ။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now