အခန်း ၁၆။ အချစ်သစ်ဇာတ်လမ်းသစ်
"ကိုကြီး..စနေနေ့ကြရင်လေ မြန်မာစာဆရာကအတန်းမဝင်ဘူးတဲ့၊ ညီမလေးတို့မုန့်သွားစားလို့ရတယ်"
စာအုပ်တွေသိမ်းရင်း သက်ထားကျော်က တတ်ကြွစွာဆိုလေသည်။ သူရိန်တို့ရဲ့ချိန်းတွေ့လို့ရတဲ့အချိန်များက ရှားရှားပါးပါးကျူရှင်ပိတ်သည့်ရက်များနဲ့၊ အသွားအပြန် အကြိုအပို့လုပ်ချိန်လောက်သာရှိသည်။ သူ့ခေါင်းလေးကို ပုတ်လိုက်တော့ ခေါင်းလေးပုပြီး ပြောင်ချော်ချော်လုပ်ပြသည်။
သီတင်းကျွတ်ကျောင်းပိတ်ရက်မတိုင်ခင်တည်းက ခွင့်ယူထားတာမို့ ဒီနေ့မှသူရိန်တို့ပြန်တွေ့ရခြင်းဖြစ်သည်။ စာသင်နေရင်း တစ်ယောက်ကိုတစ်ယောက်ခိုးကြည့်နေကြတာနဲ့ အကြည့်ချင်းဆုံရင် ခဏခဏရယ်နေရသည်။ အခြားချစ်သူတွေဆိုရင် ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် ဖတ်ထားကြမလားမသိ။ သူရိန်တို့အတွဲမှာတော့ လက်ကိုင်သည့်အဆင့်ပဲရှိပါသေးသည်။ ဒီ့ထပ်လည်းတတ်လို့မရ၊ မတတ်သင့်သေးပါ။
သက်ထားက သူ့ခေါင်းပေါ်မှ သူရိန့်လက်ကိုယူကာ ဆုပ်ကိုင်ထားသည်။ စာကြည့်ခန်းထဲမှာ စောင့်နေတဲ့ အဖွားမရှိလို့ဖြစ်မည်။ သူရိန်လည်း သူ့လက်လေးကိုပြန်ပြီး ဆုပ်ကိုင်ထားလိုက်သည်။
"အင်း...ဘာစားချင်လဲစဉ်းစားထား"
"ဟုတ်! !"
သူ့စားပွဲအောက်က အိတ်တစ်ခုထုတ်ပြီး စားပွဲပေါ်တင်ပေးသည်။ အိတ်ထဲကဘူးလေးတစ်ခုနဲ့ ဘူးထဲကပုဆိုးနှင့် ရှပ်အင်္ကျိအဖြူတစ်ထည်ထုတ်လိုက်သည်။
"ကိုကို့အတွက်လား.."
"ဟုတ်တယ်...သီတင်းကျွတ်တုန်းက ကန်တော့ဖို့ဝယ်ထားတာ ကိုကြီးကသက်ထားကို စိတ်ဆိုးသွားတော့..."
ခွင့်မယူခင်ရက်က သူရိန်တို့စကားများကြသေးသည်။ စာမေးပွဲဖြေထားသည့်အမှတ်ကနည်းနေသည့်အပြင် အိမ်စာလည်းမလုပ်ထားတာကြောင့် လက်ဖဝါးကိုဂျယ်လီပေတံနဲ့ သုံးချက်ရိုက်ခဲ့သည်။
သက်ထားက အမြဲအရိပ်အကဲကြည့်နေတတ်တာကြောင့် သူရိန်တစ်ခုခုဖြစ်နေရင်သူအမြဲသိသည်။ ဒီ့ထပ်ပိုလုပ်နိုင်ရဲ့သားနဲ့ မလုပ်တာမို့ အားစိုက်ထုတ်မှုပိုရှိလာအောင်ဆုံးမခဲ့ခြင်းဖြစ်တာကြောင့် သူ့ရိန့်မှာစိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းလည်းမရှိပါ။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်