Chapter 28

1.2K 41 11
                                    

အခန်း ၂၈။ ပထမ​နွေ

ဒီဇာတ်လမ်းကအချစ်ဇာတ်လမ်းဖြစ်​နေ​တော့ အချစ်နဲ့ပက်သက်တာပဲ​ပြောရ​မယ်။ ခတ်တာက ယုယရဲ့အချစ်ဇာတ်လမ်းကို စတင်လိုက်တည်းက…မင်းသားက သူဖြစ်​နေတဲ့အတွက်… သူနဲ့ပက်သက်တဲ့အ​ကြောင်းအရာ​တွေကိုပဲ ​ရွေးချယ်ပြီး​ပြောပြရ​တော့မယ်…။ အချိန်နှစ်နှစ်ထဲမှာ​ပြောင်းလဲခဲ့တာ အများကြီးရှိခဲ့​ပေမယ့် သူနဲ့ယုယ ပြီး​တော့ ယုယတို့ရဲ့အချစ်က​တော့… ခါကာဘိုရာဇီ နှင်း​တောင်ရဲ့အနက်ရှိုင်းဆုံးက​အောက်​ခြေက​ရေခဲတုံးလိုပဲ ​အေးစက်​နေဆဲ ​အေးခဲ​နေဆဲ။

ယုယက၈တန်းနှစ်စာ​မေးပွဲမှာအမှတ်​ကောင်း​တွေရခဲ့​​တော့ ၉တန်းမှာ ယုယလိုချင်တဲ့ Sအခန်းကိုရခဲ့တယ်။ ဆန့်ကျင်ဘက်အ​နေ​နဲ့ သိင်္ခတို့အဖွဲ့က​တော့ Dခန်းထိကျသွားတယ်။ အတူတူတိုင်ပင်ထားကြသလားထင်ရ​အောင် တစ်ဖွဲ့လုံးအခန်းကျသွားတာ..။ အတန်းကြီးလာပြီမို့ အရင် ၇တန်း ၈တန်းတုန်းကအ​ဆောင်မှာမဟုတ်​တော့ဘူး။ စာကြည့်တိုက်နဲ့နီးတဲ့ အ​ဆောင်နှစ်ခုကို​ပြောင်းရတယ်။  အဲ့ဒီ့မှာ ဆရာမနား​နေခန်း​တွေနဲ့ S,A,B,C ​လေးခန်းက Labအခန်း​တွေရှိတဲ့အ​ဆောင်ငယ် ပုလဲအ​ဆောင်မှာဖြစ်ပြီး ကျန်းတဲ့အတန်း​တွေအားလုံးက​တော့ အ​ဆောင်ကြီး သန္တာ​ဆောင်မှာအစဥ်လိုက်အတိုင်း ​နေရတယ်။ ကြံဖန်​တွေးကြည့်ရင်​တော့ ကပ်ရပ်အ​ဆောင်နှစ်ခုမှာ ယုယတို့၀ရန်ဒါနဲ့ သူတို့အခန်း၀ရန်ဒါကအနီး​လေးရယ်။ ဒါ​​ပေမယ့်လည်း  အ​ဆောင်ချင်း​မတူ​​တော့လို့ သူတို့နဲ့​တွေ့စရာအ​ကြောင်းလည်းသိပ်မရှိ​တော့ဘူး။

တကယ်​တော့ Sခန်းမှာ ယုယနဲ့သိတဲ့လူလည်းအင်မတန်မှနည်းပါသည်။ မနှစ်က​ကျောင်းပိတ်ခါနီးမှရခဲ့တဲ့သူငယ်ချင်းဇော်သက်တစ်​ယောက်တည်း ယုယမှာ​ပေါင်းစရာအ​ဖော်ရှိတယ်။ ​အေးစက်ပြီး ​ရှေ့ဆက်ဖို့​မျှော်လင့်ချက်မရှိတဲ့ ယုယတို့ရဲ့အချစ်ကလွဲရင်​ ပြောင်းလဲသွားခဲ့တာအများကြီးပဲလို့​ပြောခဲ့တယ် မဟုတ်လား…။ တစ်ခုခု​ပျောက်ရှ​နေသလိုသတိထားမိတာရှိလား….

တစ်ခုခု​​တော့အကြီးကြီးလွဲ​နေတယ်လို့ခံစားရလား….

ဒီစာသင်နှစ်မှာ ယုယအချစ်ဆုံးသူငယ်ချင်းမရှိ​တော့ဘူး​…။ အန်ကယ်ကြီးရဲ့အမိန့်နဲ့ စာကျက်ပျင်းတဲ့ ​မေသက်ထားက နာမည်ကြီးကိုယ်ပိုင်​ကျောင်းတစ်ခုမှာ ​ဘော်ဒါ​နေဖြစ်သွားတယ်။ သူမရှိတဲ့​​ကျောင်းတတ်ရက်​တွေမှာ ယုယတစ်​ယောက်ဘယ်​လောက်​တောင် အသက်မဲ့​နေလဲ ဆိုတာ​ထွေ​ထွေထူးထူး​​ပြောစရာမဟုတ်​တော့ပါဘူး။ ယုယနဲ့​မေသက်ထားက နှစ်​ယောက်​ပေါင်းမှတစ်လွှာ တ​လောကလုံးကိုပစ်ပယ်ပြီး နှစ်​ယောက်တည်း​နေကြတဲ့လူ​တွေ​လေ…။ ​ဇော်သက်က​​တော့ခင်ဖို့​ကောင်း​ပေမယ့် သူကအရာရာတိုင်ပင်လို့မရ၊ နှစ်​ယောက်တည်းတွတ်တီးတွတ်တီးလုပ်​နေလို့မရတဲ့ ​ယောက်ျား​လေးသူငယ်ချင်း…ထိုင်တဲ့​နေရာကိုက ကမ္ဘာအစွန်းနှစ်ဖက်မှာ!။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Nơi câu chuyện tồn tại. Hãy khám phá bây giờ