Chapter 7

1.2K 47 0
                                    

အခန်း ၇။ ငါတို့သူငယ်ချင်းမဖြစ်နိုင်ဘူး

သိင်္ခကျော်စွာသည် ကျော့မော့အောင်မီးပူတိုက်ထားသော ရှပ်လက်ရှည်အဖြူကို ကြယ်သီးနှစ်လုံးခန့်ဖြုတ်​၍ဝတ်ထားသည်။ သူနှင့်တိုင်းချုပ်ထားသော ဝတ်စုံဘောင်းဘီရှည်က အပြာနု​လေးနှင့်မို့ ဖြူဝင်းသောအသားကိုဆောင်ကာ သန့်ပြန့်နေလေသည်။ ဆံပင်ကိုလည်းသပ်သပ်ရပ်ရပ် ဖီးလိမ်းထားသောကြောင့် သူ့ပုံစံမှာကျောင်းက ဂျစ်ကန်ကန်ကောင်လေးထပ် လူကြီးလူကောင်းလေးနဲ့တူနေသည်။

သို့ပေမယ့် သူမျက်နှာကတော့မှုတ်ကုတ်ကာ ရှစ်ခေါက်ချိုးထားသည်။ ထိုင်ခုံလက်တန်းပေါ်တွင် ထိုင်ကာ သူ့လက်ထဲမှာကိုင်ထားတဲ့ လက်ဆောင်ဘူးကိုလှည့်ရင်း မကျေမနပ်ဖြစ်နေသည်။

"အမေက ကျွန်တော်ဘာလုပ်ချင်လဲ ဘာလိုချင်လဲ၊ ဘယ်တော့မှမမေးဘူး၊ မေမေလုပ်ချင်တာလုပ်တာ အခုရောမေမေ့မွေးနေ့လား သားမွေးနေ့လား"

ထိုခေါင်းစဉ်သည် ယခုသူမှုန်ကုတ်နေရသည့် အ​ကြောင်းပြချက်ဖြစ်သည်။ သိင်္ခကျုရှင်ကပြန်လာချိန်တွင် အိမ်ကလူတွေအားလုံး အလုပ်ရှုပ်နေကြသည်။ ဧည့်ခန်းကဆိုဖာတွေကို နေရာရွှေ့ထားသည်၊ ပန်းအိုးထဲမှာပန်းတွေဝေနေအောင်အလှဆင်ထားသည်၊ ပန်းပုရုပ်များကိုဟန်ပြရန်ထုတ်ထားပြီး ဆက်တီခုံတွေကိုပြောင်လက်နေအောင် ပေါ်လစ်တင်ပြီးတိုက်ချွတ်ထားတည်းက သူသိလိုက်ပြီ။ မဟုတ်သေး အိမ်ထဲမဝင်ခင် ဆင်ဝင်ဝမှာ စက်ဘီးရပ်တည်းက အမေ့အသံကိုကြားပြီး သိလိုက်ပါပြီ။

သားမွေးနေ့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့လူကြီး​တွေအတွက် ပါတီလုပ်နေတာ သိပ်မဟုတ်​သေးဘူးထင်သည်။ ​မွေးနေ့ဖြင့်မရောက်သေးပဲ အကြိုလုပ်သည်ဆိုတဲ့​ ​ခေါင်းစဉ်က ပိုရယ်ချင်စရာကောင်း​သေးသည်။ ပြီးတော့ ဖိတ်ထားတဲ့လူတွေအကုန်လုံးက သိင်္ခသူငယ်ချင်းတွေမဟုတ်၊ သူ့ရဲ့စီးပွားမိတ်ဖက်တွေ၊ အပြိုင်အဆိုင်တွေ၊ ရာထူးကြီးကြီး၊ အာဏာရှိတဲ့လူကြီးတွေနဲ့ သူတို့ရဲ့သားသမီး​တွေသာဖြစ်သည်။

ဒီလိုသိင်္ခနာမည်တပ်ပြီး အကြောင်းပြချက်ယူတာကို မကြိုက်ပေမယ့် သူ့ပိုက်ဆံနဲ့သူလုပ်တာမို့လို့ ပြသနာမရှိသေး။ တကယ်ဆို ​မေ​မေဘာလုပ်လုပ် သိင်္ခကိုလာထိခိုက်ခိုက်သ၍ ပြသနာမရှိ။ လစ်လျူရှုထားနိုင်သည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now