Chapter 23

1K 46 5
                                    

အခန်း ၂၃။ ဆုံမှတ် 

လူတစ်ယောက်ကတစ်ယောက်ကို...ကိုယ်ချင်းစာနားလည်ပေးတတ်ဖို့ဆိုတာ...ကိုယ်ကလည်းသူ့လိုလူတစ်ယောက်ဖြစ်နေမှသိင်္ခရဲ့… 

ငါနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကပြောတယ်...နင့်မှာဘာတွေလိုသေးလို့လဲတဲ့..လိုချင်တာဘာမဆိုသူများထပ်ပြည့်စုံနေတာပဲမဟုတိလားတဲ့..ကဲ...ဒီ့ပြင်လူတွေကငါတို့လိုလူတွေရဲ့စိတ်သဘောထားကိုနားလည်နိုင်ပါ့မလား။

ဟိုတနေ့က အိနြေ္ဒမိုးပြောခဲ့သည့်စကားကို သိင်္ခထပ်တလဲလဲတွေးနေမိသည်။ အထူးသဖြင့်

 'ဒီ့ပြင်လူတွေကငါတို့လိုလူတွေရဲ့စိတ်သဘောထားကိုနားလည်နိုင်ပါ့မလား'

 ဆိုတဲ့အပိုင်း...ထိုစကားအရသူဟာသူလိုငါလိုအခြားလူတွေလိုမဟုတ်တာကိုသတိပေးနေတယ်။သူဒီစကားကိုကြားလိုက်ရချင်းအိနြေ္ဒမိုးကိုကြည့်မိတော့သိင်္ခရဲ့စိတ်ကိုဖတ်လိုက်ရသည့်အတိုင်းစိုးရိမ်ပူပန်နေသည့်ကိစ္စကိုထုတ်ပြောလာသည်။ 

ငါ့ရဲ့သူငယ်ချင်းဆိုတာကတော့ထားပါတော့နင့်ရဲ့ယုယကရော...အချိန်တိုင်းမှာနင့်ကိုနားလည်ပေးနိုင်ပါ့မလား...သူက​ကောင်းသောမွေးဖွားခြင်းတွေနဲ့မွေးလာတဲ့လူတစ်ယောက်ပဲ….။

သူ့လိုလူကနင့်ကိုစာနာနိုင်ပါ့မလား...နားလည်တတ်ပါ့မလား...။နင်ဘယ်သူလဲဆိုတာသိတဲ့လူ...ငါတစ်ယောက်ပဲရှိတယ်သိင်္ခ...ငါဘယ်သူလဲဆိုတာသိတဲ့လူလည်းနင်ပဲရှိတယ်…။ငါမဟုတ်တဲ့သူက..တစ်နေ့မှာနင့်ကိုနာကျင်စေလိမ့်မယ်...။ ငါ့နင့်အတွက်စိုးရိမ်တယ်။

ဒါတွေကိုခေါင်းထဲကထုတ်မရတော့ နေ့နေ့ညညသူ့မှာအတွေးများနေရသည်။ 

ဒီနေ့ဟာကျူရှင်မှာ၈တန်းနှစ်ဆုံး၊နောက်ဆုံးစာမေးပွဲဖြေရတဲ့နေ့ဖြစ်သည်။စိတ်ညစ်ညူးနေတဲ့သူဟာစာကိုလည်းခေါင်းထဲမထည့်နိုင်ပဲရှိသည်။ ကျူရှင်စာမေးပွဲအပြီးတစ်ပတ်အကြာ ကိုးတန်းအတန်းတင်စာမေးပွဲကြီးကိုကျောင်းမှာဖြေရဦးမည်။သူလေးပင်စွာသက်ပြင်းချလိုက်တယ်။ခေါင်းထဲကအတွေးစတွေကိုရှင်းထုတ်ပြီးလက်ထဲမှာကိုင်ထားတဲ့အထူးထုတ်ထဲက ခတ်ဆစ်အချို့ကိုဖတ်နေလိုက်သည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now