Chapter 24

940 36 2
                                    

အခန်း ၂၄။ အချစ်​တွေရဲ့အဆုံးသတ်လား

သိင်္ခထွက်သွားသည်။ သူတက္ကဆီပေါ်တတ်သွားတဲ့အချိန်ထိ ယုယကတော့ထိုနေရာမှာတင်ရပ်ကျန်ရစ်ခဲ့ပါသည်။ စတွဲကတည်းက ဒီသုံးလကျော်ကာလထဲ သူနဲ့အကြိမ်ကြိမ်ရန်ဖြစ်စကားများဖူးပေမယ့် အခုတစ်ခါတော့ အပြင်းထန်ဆုံးဖြစ်မည်။ ယုယရင်ဘက်ထဲမှာ တဒုန်းဒုန်း နဲ့တုန်ခါနေသည်။ ဒေါသလည်းထွက်သည်။ ဝမ်းနည်းသည်။ စိတ်လည်းဆိုးသည်။ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီကာမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာကာထိန်းမရ​တော့ပါ။

သူ့ကြောင့်မဟုတ်ရင်တောင် ယုယအတွက်အိမ်ကဖိ

အား​တွေ​များရသည့်ထဲသူကပါယုယအတွက် သက်​စောင့်သက်သာဖစ်​စေမယ့်​နေရာလေးတစ်ခုမဖြစ်ပေးနိုင်တော့ဘူးဆို​တ့္ေ ယုယ ဘယ်လိုခံနိုင်ရည်ရှိပါ​တော့မလဲ။

ရင်ဘက်ကြီးတစ်ခုလုံးတင်းကြပ်လာတာခံစားရသည်။

ရင်ဘက်ထဲကအလေးချိန်တွေလျော့လိုလျော့ငှား ပတ်ဝန်းကျင်ကိုမေ့ထားပြီး နေရာမှာထိုင်ငိုနေခဲ့မိသည်။ ကားတစ်စီးယုယရှေ့ကိုရောက်လာတဲ့အချိန် တွင်ဘာမှမဖြစ်သလိုဟန်ဆောင်ဖို့ ယုယမှာခွန်အားမကျန်တော့ပြီ။

ယုယငိုနေတာမြင်လိုက်တဲ့အန်တီလေးဝင်းက ကားပေါ်ကနေ စိုးရိမ်တကြီးဆင်းလာတယ် ယုယပုခုံးကိုအသာပုတ်ရင်း သူထိတ်လန့်စွာဆိုသည်။

"ယုယ...သမီးဘာလို့ငိုနေတာလဲ..."

ယုယခေါင်းကိုသာခါရင်း ရှိုက်သံတွေကြောင့်

ပြန်ဖြေဖို့မတတ်နိုင်ဘူး။ အန်တီဝင်းက ယုယကိုချော့ကာကားပေါ်တတ်ဖို့တွဲခေါ်သည်။

"သမီးရယ်...အန်တီစိတ်ပူလိုက်တာ...ဘာဖြစ်လို့လဲပြောပြပါဦး...တစ်ယောက်ယောက်များသမီးကိုတစ်ခုခု...ဘာဖြစ်လို့လဲ ဘာပြောလို့လဲဟင်..."

ထိုမေးခွန်းသည် ဘာကိုရည်ညွှန်းသလဲ ယုယနားလည်တော့အန်တီဝင်းရဲ့စိတ်အပူလျော့အောင်ခေါင်းကိုသွက်သွက်ခါလိုက်ရသည်။ သည်တော့မှအန်တီဝင်းရဲ့မျက်နှာကြီးလည်းအပူတွေလျှော့သွားသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now