Chapter 21

897 43 3
                                    

အခန်း၂၃။ နောက်မှတွေ့ကြတာပေါ့မေသက်ထား
ပစ္စည်းအတော်များများသိမ်းဆည်းထားပြီးတဲ့ကိုကို့အခန်းလွတ်ကြီးထဲမှာ ထိုင်နေရင်း ငိုချင်စိတ်တို့လည်ပင်းမှာတစ်ဆို့လာသည်။ တစ်သျူးဘူးကြီးကို အနားမှာစောင်ထားရပြီး မျက်ရည်တွကျလာရင်သုတ်လိုက်နှာရည်တွေထွက်လာရင်သုတ်လိုက်နှင့်ယုယအနားမှာအမှိုက်တွေလည်းပွနေပြီ။ကိုကိုမသွားခင်လေးအနားကနေခွာတမ်းကပ်နေမိသည်။အိပ်ချိန်တောင်ကိုကို့အခန်းမှာလာအိပ်လို့ကိုကိုကုတင်အောက်ဆင်းအိပ်ပေးရသည်။

မနေ့ညကအစောကြီးအိပ်ရာဝင်ခဲ့ပေမယ့်လည်းတော်တော်နှင့်အိပ်မပျော်ခဲ့ပါ။ မနက်ရောက်ရင်ကိုကိုထွက်သွားတော့မယ်ဆိုတဲ့အတွေးနဲ့ ခဏခဏနိုးလာသည်။ နိုးလာတိုင်းလည်း ကုတင်အောက်မှာအိပ်နေတဲ့ ကိုကို့ကိုသွားကြည့်ရတာနဲ့စိတ်ဖြောင့်ဖြောင့်မအိပ်ခဲ့ရ။  ယုယအိပ်ပျော်နေချိန်မှာ ကိုကို ပျောက်သွားမှာကိုကြောက်မိပါသည်။ 

အထုတ်စ​စ်​နေသည့်ကိုကို့ကိုကြည့်ကာ ခုနကတစ်စို့နေခဲ့သော မျက်ရည်များ ပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာပြန်ပြီ။ တစ်ယောက်တည်းမျက်လုံးကိုတစ်သျူးနဲ့လိမ့်ပွတ့်နေတုန်း ကိုကိုအနားရောက်လာသည်။

"မငိုနဲ့တော့လေကွာ...အီးတီမက တရုတ်သရဲရုပ်ပေါက်နေပြီ"

ကိုကိုစတာကို စိတ်မဆိုးပေမယ့် ဟန်ဆောင်ပြီးကိုကို့ကိုထုရိုက်ကာဆိုးနွဲ့လိုက်သည်။

"သွား...ဘာမှန်းလည်းမသိဘူး၊ လူကိုဘယ်တော့မှအကောင်းမပြောဘူး...ညီမလေးကတရုတ်သရဲမဆိုရင် ကိုကိုကလည်းတရုတ်သရဲထီးပဲ"

ဒီရက်ပိုင်းတည်းကယုယငိုနေရင်ကိုကိုကအနားလာပြီး မအီမသာရုပ်ကြီးနဲ့လာချော့သည်။ ယုယငြိမ်နေရင်လည်းပျော်အောင်လို့တမင်လိုက်စသည်။ယုယကြိုက်တတ်တဲ့မုန့်တွေကိုတစ်မြို့လုံးပတ်ပြီးဝယ်ဝယ်လာတဲ့ကိုကို့ကြောင့် မငိုပဲနေလို့လည်းမရတော့ပါ။ အကျင့်မကောင်းတဲ့လူကသွားခါနီးလာခါနီးမှရုတ်တရက်အကျင့်ကောင်းပြနေတော့ ကျန်ခဲ့မယ့်သူကပိုဝမ်းနည်းရတာပေါ့။

ယုယကတ်ကတ်လန်ပြန်ပြီးရန်တွေ့လိုက်ရင်​တော့ကိုကိုဝမ်းသာ​သွားပြီးအသံအကျယ်ကြီနဲ့အော်ရယ်သည်။ သူ့အသံကြီးကို အမြင်ကပ်လို့ အာကျယ်ကောက်လို့နာမည်ပြောင်ပေးထားမိပေမာ့် အခုတော့ဒီအသံကြီးကပဲ နားထဲမှာချိုနေသလိုလို...။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now