အခန်း ၃၇။ အချစ်ဦးကိုပြန်ရယူမယ်
Red Door Clubကို မသိတဲ့လူတွေကတော့ သာမန်ကြယ်ငါးပွင့် clubလေးတစ်ခုပေါ့၊သိတဲ့လူတွေအတွက်တော့ရန်ကုန်မြို့မှာအရာရာဖြစ်နိုင်တဲ့ကောင်းကင်ဘုံပဲ။အကြောင်းသိသိမသိသိ နာမည်ကြီးတဲ့ ကြယ်ငါးပွင့်ကလပ်ဆိုတဲ့ နာမည်အတိုင်းပဲ ၀င်ခွင့်ရဖို့အတွက်ညဦးကတည်းကတန်းစီရသည်။ ပြီးရင်လည်း လူကိုသေသေချာချာစီစစ်ပြီးမှအထဲ၀င်ခွင့်ပြုတာမို့ ဂိတ်၀လုံခြုံရေးကတောင် အာဏာအပြည့်ရှိသည်။(just my imagination)
"ညီလေးတို့မှတ်ပုံတင်ကဒ်ပြပါ..."
အခုလည်းClubလုံခြုံရေးကသိင်္ခတို့အရှေ့ကနေတားဆီးထားသည်။ မှတ်ပုံတင်ပါလည်းပြလို့မဖြစ်ဘူး....Clubထဲ၀င်ဖို့၁၈နှစ်ပြည့်ရမယ်ဆိုတဲ့တားမြစ်ချက်ကရှိတာကိုး...ဒါပေမယ့်ဘယ်လိုဥပဒေပဲဖြစ်ပါစေ လောကမှာတန်ခိုးအထွားဆုံး ပိုက်ဆံကိုတားမြစ်နိုင်တဲ့အရာရှိသေးလို့လား။ ကြည်ဝေထွန်းကကြား၀င်ပြီး သူ့အိပ်ကတ်ထဲကနံပါတ်အကြီးဆုံးလေး ငါးရွက်ထုတ်ပေးလိုက်သည်။
"မှတ်ပုံတင်မေ့ခဲ့လို့ပါ"
သို့သော်လည်းထိုလူကကြည့်ဝေထွန်းလက်ထဲကပိုက်ဆံကိုမယူပဲတားမြစ်ထားဆဲ။ ကြည်ဝေထွန်းကရယ်သည်။ ထိုလူကိုကြည့်၍ဖော်ရွေစွာပြုံးပြကာမေးလိုက်သည်။
"နည်းသေးလို့လားဗျ..."
"အဲ့လိုလုပ်လည်း မှတ်ပုံတင်မပြနိုင်ရင်ညီလေးတို့၀င်လို့မရပါဘူး..."
ထိုလူကမျက်နှာထားတင်းမာစွာပြောနေဆဲ။
"ရုန်းရင်းဆန်ခတ်ဖြစ်အောင်မလုပ်ပါနဲ့ဗျာ...အေးအေးဆေးဆေးသွားခွင့်ပေးလိုက်ရင် ခင်ဗျားလည်းအောက်ဆိုက်လေးရတာပေါ့"
အဆုံးမရှိတဲ့ပိုက်ဆံတွေတလူလူပျံပြီးထွက်လာနိုင်တဲ့မှော်၀င်ပိုက်ဆံအိတ်လိုကြည်ဝေထွန်းကသူ့အိတ်ထဲက နောက်ထပ်လေးငါးရွက်ထပ်ထုတ်လိုက်ပြန်သည်။ ဒါကိုလည်း၀န်ထမ်းကမယူဘူး။စောစောကထပ်ရင့်သီးစွာပင်တုန့်ပြန်လိုက်သေးသည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်