အခန်း ၂၆။ စာသင်နှစ်အဆုံး
၉တန်းအတွက်နွေရာသီကျူရှင်တွေမစခင် ကျောင်းမှာ ၈တန်းအတန်းတင်ဖြေပြီးနောက်လကုန်အထိ ကျူရှင်ကိုနားထားလိုက်သည်။ နောက်ဆုံးနေ့က ယုယသူ့ကိုပြတ်ကြရအောင်လို့ပြောခဲ့ပြီးနောက် သူ့ဘက်ကလည်းဆက်သွယ်မလာသလို ယုယဘက်ကလည်း သူနဲ့ပက်သက်တဲ့အရာရာကိုနောက်မှာချန်ခဲ့ပြီး ဒီအမှတ်တရတွေကိုနွေညရဲ့အိမ်မက်တစ်ခုလိုသာမေ့ပျောက်ပစ်ဖို့ကြိုးစားခဲ့ပါသည်။ ယုယသုံးနေကျဖုန်းအဟောင်းကို သိမ်းထားလိုက်ပြီး ကိုကိုပေးခဲ့တဲ့ဖုန်းကိုသုံးရာကစလို့ သူနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံတွေ၊ အပြန်အလှန်ပို့ခဲ့တဲ့ messageလေးတွေကိုပါ ထိုဖူန်းအဟောင်းလေးနဲ့အတူတူ ပြတ်ပြတ်သားသားချန်ထားရစ်ခဲ့သည်။ ကျောင်းပိတ်ထားတဲ့အတွက်ဘယ်သူနဲ့မှမတွေ့ရလို့ ယုယတို့ရဲ့ လမ်းခွဲခြင်းက သိပ်ကိုလွယ်ကူခဲ့သလိုပဲ။ ယုယအဖို့ကတော့ လစ်ဟာသွားတဲ့ သူ့နေရာမှာ အစားအသောက်နဲ့ဖြည့်တင်းခဲ့တာပဲ။ နေ့နေ့ညည ၀ိတ်တတ်မှာ ၀လာမှာတွေမကြောက်ပဲ စားချင်တာအကုန်စားပြီး အလှအပကို ရင်ခုန်ဖို့သာဝေး မှန်ရှေ့မရောက်တာခေါင်းမဖြီးတာတောင်အတော်ကြာပြီ။
ဒီရက်တွေထဲမှာယုယအတော်အဖော်မွန်ကောင်းဖြစ်ပေးသူက မေသက်ထားပါပဲ ယုယတို့အိမ်ကိုသူမလာပေမယ့် နေ့တိုင်းဖုန်းဆက်ပြီး စာအတူတူကျက်ရင်း ယုယအနားမှာရှိနေပေးရှာသည်။ သိင်္ခအကြောင်းကိုမေက မပြောမိအောင်ဂရုတစိုက်နေပေးတော့ သူနဲ့ ကြည်ဝေထွန်းအကြောင်းယုယသိထားပေမယ့်လည်း သူတို့အကြောင်းမစမိအောင် ယုယကပြန်လည်ထိိန်းသိမ်းပေးရသည်။ ကျူရှင်စာမေးပွဲတုန်းက အသေအကျေ ကြိုးစားထားခဲ့တာမို့ ကျောင်းစာမေးပွဲဖြေနိုင်ဖို့က ပုံမှန်လေးစာလုပ်သွားရင်ရပါပြီ။ ဒါပေမယ့်ယုယအဖို့ကတော့ သိင်္ခအကြောင်းတွေးဖို့ အချိန်ပိုမပေးပဲစာဖိလုပ်နေတာပို၍ကောင်းကျိုးရှိတာမို့ ရပြီးသားစာတွေကိုလည်းအထပ်ထပ်လုပ်နေမိသည်။
ကျောင်းပြန်တတ်တော့နှစ်စတုန်းကရှိခဲ့ခဲ့အတိုင်းအရာရာဟာနေသားတကျပြန်ဖြစ်နေပြီ။ ယုယမင်းမော်နဲ့ မေသက်ထားဆိုတာ ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်၊ နှစ်ယောက်တည်းတစ်ကမ္ဘာတည်တဲ့အပယ်ခံလူသားနှစ်ယောက်ပေါ့။ နှစ်ယောက်သားစကားပြောဖို့သက်သက်ကျောင်းကိုအစောဆုံးရောက်အောင်လာတတ်သူတွေ။ ကျောင်းစာသင်ခန်းထပ် မုန့်စျေးတန်းကိုသာခုံမင်သူတွေ…။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်