အခန်း ၂၇။ အချစ်ထပ်ပို၍
ကောင်းကင်ကိုမော့ကြည့်လိုက်တော့နေမထွက်သေးပေ…။တိမ်ထူနေ၍လမင်းလည်းမရှိ၊ကြယ်ကလေးတွေလည်းမရှိတော့တဲ့ကောင်းကင်ထပ်မှာအလင်းရောင် စုန်းစုန်းကွယ်ပျောက်လို့နေသည်။ မှောင်မိုက်တဲ့ ပတ်၀န်းကျင်မှာလည်း လူတို့ဖန်တီးထားတဲ့ လမ်းမထပ်ကဓါတ်မီးတိုင်တစ်ခုသာထိန်ထိန်လင်းနေသည်။ လမင်းအတု နေမင်းအတုတစ်စင်း ကဲ့သို့ အမှောင်ထုထဲမှာသူလင်းပနေသည်။
အိမ်ထဲကထွက်လာသည်နှင့်မှောင်မဲနေသော ၀န်းကျင်ကိုကြည့်ကာ သိင်္ခတစ်ယောက် သက်ပျင်းလည်းချ၊ တဆက်တည်းမှာလည်း ပျင်းရိစွာသမ်းဝေလိုက်ရသည်။ မနေ့ညကတစ်နာရီမှအိပ်ပျော်ခဲ့ရပေမယ့် ဒီမနက်စောစောထခဲ့ရသည်လေ။ စောတာမှ နာရီကိုကြည့်တော့ သုံနာရီစွန်းစွန်းရယ်ရှိသေးသည်။ ကိုယ်ပိုင်လမ်းတွေဆိုပေမယ့် လှမ်းကြည့်ရင် မိန်းလမ်းမကြီးထပ်မှာကားတွေမရှိသေး ပုစဥ်းရင်ကွဲသံတွေကလွဲရင် တလောကလုံးတိတ်ဆိတ်နေပါဘိ။ ခြံထဲကနှင်းရေစိုထားတဲ့ခုံတန်းမှာပဲ ထိုင်ချလိုက်ပြီး အိပ်စက်ခြင်းတွေကိုပြန်လည်ရှာဖွေဖို့ကြိုးစားလိုက်သည်။ သိင်္ခသမ်းဝေနေတာကိုလှမ်းမြင်လိုက်တဲ့ အိန္ဒြေမိုးကအနားကိုရောက်လာကာ
"သိင်္ခ…အိပ်ချင်နေပြီလား…”
“အင်း…”
သိင်္ခရဲ့ ပျင်းရိပျင်းတွဲပြန်ဖြေပုံကို အိန္ဒြေမိုးသဘောကျကာရယ်လိုက်သည်။
“ခစ်ခစ်….ချစ်စရာလေး….ခဏအိပ်နေဦးလေ…ကိုကိုကောင်းပြည့်က ရောက်တော့မယ်လို့တော့ပြောတာပဲ သူအိမ်နံပါတ်မှားနေလို့တဲ့"
အိန္ဒြေမိုးက သိင်္ခထိုင်နေတဲ့ဘေးမှာ၀င်ထိုင်လိုက်သည်။ ဟိုဒီကိုမျက်နှာတစ်ခုလုံးအုပ်မတတ်ဖုံးထားတဲ့ သိင်္ခတစ်ယောက် အိပ်ချင်မူးတူးနဲ့စိတ်မကြည်တာသူသိတော့ သိင်္ခခါးကိုဖတ်လိုက်ပြီး သူ့ပုခုံးပေါ်မှာမှီရအောင်ဆွဲခေါ်လိုက်သည်။
"နင်ညက ကြည်ဝေထွန်းနဲ့ဆော့နေတာ ဘယ်နှနာရီထိတောင်မှလဲ ငါကစောစောအိပ်ပါလို့အတန်တန်ပြောရက်နဲ့…"
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်