Chapter 42

2.2K 72 21
                                    

အခန်း ၄၂။ resultည

​တော်ကီ​ကောင်းတယ်…

ယုယကလွဲပြီးသူ့ရင်ထဲမှာဘယ်သူမှမရှိခဲ့ပါဘူးတဲ့…ယုယနဲ့စ​တွေ့တဲ့အချိန်တည်းကယုယတစ်​ယောက်တည်းပါ…ယုယမှမဟုတ်ရင် အခြားဘယ်သူမှမရှိပါဘူးတဲ့

ဟင်း…မယုံပါဘူး၊ သူ့စကား​တွေကို ၂နဲ့စားပြီး​တော့​​တောင် မယုံ​​ရေးချမယုံဘူး။ မယုံပါဘူးလို့စိတ်ထဲက​ပြော​နေ​ပေမယ့်နှုတ်ခမ်းပါး​တွေကအလိုလိုတွန့်​ကွေး​နေတယ်၊ခန္ဓာကိုယ်ထဲမှာလိပ်ပြာက​လေး​တွေပျံ​နေတယ်…ဒါဟာအချစ်ပဲလားဆိုတဲ့သီချင်း​လေး​တွေယုယအခန်းထဲမှာလွင့်ပျံ​နေတယ်…။သံစဥ်​တွေမရှိပဲယုယ​ခြေ​ထောက်​တွေကအလိုလိုကခုန်​နေမိတယ်။ ဂါ၀န်က​လေး၀ဲ​နေ​အောင်လှည့်ပတ်ရင်း ​ရင်ဖိုလှိုက်​မောစွာနဲ့ ကုတင်​ပေါ်မှာလှဲချလိုက်ရ​တော့တယ်။

သူနဲ့ယုယ​နောက်တစ်ခါပြန်ချစ်နိုင်​ကြ​တော့မယ်…

သူ့စကား​တွေကိုယုံယုံမယုံယုံ…ယုယကသိပ်ချစ်​နေ​တော့သူ​ပေးလာမယ့်ဒဏ်ရာ​တွေကိုလည်း​ပျော်​ပျော်ကြီးလက်ခံယူလိုက်မယ်။  ယုယဖုန်းထဲမှာ သူ့ရဲ့ဖုန်းနံပါတ်က​လေးကိုရိုက်ထည့်ပြီး သိင်ဆိုတဲ့ content_nameအ​ဟောင်း​လေးပြန်​ရောက်လာတယ်…၊ဒဏ်ရာ​ဟောင်း​လေး​တွေ​ရေး​ရေး​ပေါ်လာလည်း​မေ့​ပစ်လိုက်ပြီး အမှတ်မရှိတဲ့ အချစ်ကိုအသစ်စခဲ့ပြန်တယ်။

သူလည်းယုယနဲ့သ​ဘောထားချင်းတူမယ်ထင်တယ်…ယုယကသူ့အတွက်တစ်​ယောက်တည်း​သောသူပါဆိုတဲ့သက်​သေ​တွေအဖြစ်ပြဖို့ သူ့ဘက်က​နေ အများကြီး​ပြောင်းလဲပစ်လိုက်တယ်။ ပထမဆုံးသူ့​ဘေးနားမှာ၀ိုင်း​နေတဲ့ မိန်းက​လေး​တွေကို​ပေါ့။ ယုယနဲ့ သူစကားမ​ပြောတဲ့​​နေ့​တွေက​နေစပြီး သူတင်တဲ့post​တွေ သူshareတဲ့ အဖီးတစ်လိုင်းစာတွေက​နေ သိင်္ခမှာ​ကောင်မ​လေးရှိ​နေပြီလို့သူ့ဖန်ဂဲလ်​လေး​တွေသိ​နေကြပြီ​။ ယုယသူ့ကိုစဥ်းစား​ပေးမယ်လို့​ပြောလိုက်တဲ့ညမှာ​တော့ သူ့ရဲ့wallမှာ single ဆိုပြီးပိုးဖလံ​လေး​တွေလာဟပ်ဖို့တပ်ထားတဲ့ မီးစာ​လေးပြုတ်သွားတယ်။

It’s complicatedတဲ့…

Facebook​ပေါ်မှာသိင်္ခ​ကျော်စွာတစ်​ယောက် Singleက​နေ complicated ​ပြောင်းသွားတဲ့ကိစ္စကသူ့ရဲ့အမျိုးသမီးထုကြီးကြားမှာစကား​ပြောစရာ​တွေဖြစ်သွားသည်။ Lucky girl​လေးကဘယ်သူလဲတဲ့…သိင်္ခရဲ့အချစ်ကိုရ​နေတဲ့ သူဟာဘယ်သူလဲ​ပေါ့။ Lucky girl​လေးလို့သာ​ပြောတာ တကယ်တမ်းက၀ိုင်းပြီး ထု​ထောင်းတာကိုခံရမှာဆိုတာ သံသယ​တောင်ရှိစရာမလိုဘူး။ အထူးသဖြင့်ယုယလိုလူဆိုရင်​ပေါ့…။​တရားခံကယုယဆို​ပေမယ့် တစ်​ယောက်​ယောက်ရိပ်မိသွားမှာ​ကို​တောင် စိတ်ပူစရာမရှိဘူး…သူနဲ့ယုယက fri​end တောင်မဟုတ်ဘူး။ ယုယတို့ ၈တန်းနှစ်မှာပြတ်သွားပြီးကတည်းက social media​တွေမှာသူနဲ့မပက်သက်​တော့တာပဲ။ ​နောက်ပိုင်းမှာ messengerနဲ့အဆက်အသွယ်ရှိခဲ့​ပေမယ့် friendပြန်ဖြစ်ဖို့ကို သူကလည်းဘာမှမ​ပြောသလို ယုယလည်းမသိချင်​ယောင်​ဆောင်​နေလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jun 09 ⏰

Add this story to your Library to get notified about new parts!

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now