အခန်း ၃၃။ အကြံသမားနှစ်ယောက် ၂
“နှာခေါင်းရိုးကျိုးသွားတာမဟုတ်လို့စိတ်မပူပါနဲ့…ဒီကြားထဲမှာတော့ နှာခေါင်းကိုသေချာဂရုစိုက်ပေးရမယ်နော်…နှပ်ညှစ်တာတို့နှာချေတာတို့တတ်နိုင်ရင်မဖြစ်အောင်ရှောင်ပေး…”
“ဟုတ်ကဲ့ဒေါက်တာ…”
သူ့မျက်နှာလေးကငိုမဲ့မဲ့နဲ့ဆရာ၀န်ကိုကြည့်လိုက်…သိင်္ခကိုကြည့်လိုက်နဲ့…။ မေသက်ထားကိုဆေးသွား၀ယ်ခိုင်းလိုက်တာမှန်သွားသည်။ အခုဆိုရင်သူသိင်္ခကိုပေးလာတဲ့ အားကိုးတကြီးအကြည့်နဲ့မျက်လုံးလေးတွေက သိပ်ကိုချစ်စရာကောင်းနေတာမို့လို့ ဓါတ်ပုံရိုက်ပြီးသိမ်းထားချင်နေမိပြီ…။ ယုယငိုရင်ချစ်စရာကောင်းတာသိပေမယ့် သိင်္ခအရှေ့မှာသူငိုသမျှက သိင်္ခတို့နှစ်ယောက်ရန်ဖြစ်လို့၊ သိင်္ခစလိုက်လို့၊ ဆရာမဆူလိုက်လို့၊သူစိတ်ဆိုးပြီး၊၀မ်းနည်းသွားလို့ပဲ..
အားကိုးတကြီးကြည့်နေတဲ့သူ့လက်ကလေးသေးသေးလေးတွေကိုဆုပ်ကိုင်ကာ ပြုံးလျှက်ဆိုလိုက်သည်။
“ဘာမှမဖြစ်ပါဘူး”
ဆရာ၀န်က သိင်္ခအသံကြောင့် ယုယကိုလှည့်ကြည့်ပြီးနှစ်သိမ့်သည်။
“ဘာမှမဖြစ်ပါဘူးနှာခေါင်းကရှပ်ပဲထိသွားတာဒီဘက်ပါးကတော့ယောင်လာလိမ့်မယ် အရှိန်နဲ့ရိုက်မိတာဆိုတော့ဒဏ်ဖြစ်သွားတာပေါ့…”
ဆေးခန်းကိုရောက်ကတည်းက အငိုရပ်သွားပေမယ့်ဘာမှမပြောနိုင်သေးဘူး။ တအားငိုထားတော့မျက်နှာတစ်ခုလုံးနီရဲနေတာဒဏ်ရာရထားတာဘယ်နေရာလဲဆိုတာတောင်ပြောရခတ်တယ်။
“ဆေးထိုးပေးထားတယ်၊ သောက်ဆေး၊လိမ်းဆေးလည်းပေးလိုက်မယ်”
သိင်္ခရဲ့ကျူရှင်ဆရာအယောင်ဆောင်ကားဒါရိုက်ဘာကိုဆရာ၀န်ကပြောစရာရှိတာပြောပြီးဆေးညွှန်းပေးလိုက်သည်။မေသက်ထားနဲ့အတူဆေးဆိုင်မှာဆေးတွေ၀ယ်ပြီးတဲ့အထိသိင်္ခရဲ့ကားဒါရိုက်ဘာကအကုန်လုပ်ပေးသွားသည်။ယုယကိုတော့နားနေဆောင်လေးမှာစိတ်ငြိမ်တဲ့အထိခဏနားနေခွင့်ပေးထားသည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်