အခန်း ၃၅။ မေသက်ထားကဘယ်သူလဲ…
“ယုယ…”
“အင်း…”
“ငါဒီရက်ပိုင်းပျော်နေတယ်သိလား…”
“ဘာလို့လဲ…”
“ဒီလိုပဲ…ငါ့ကိုပျော်အောင်လုပ်ပေးနေတဲ့လူရှိတယ်”
ယုယကဖုန်းကနေခဏလေးမျက်နှာခွာပြီးအိပ်ရာပေါ်မှာဇောက်ထိုးဖြစ်နေတဲ့နေသက်ထားကိုလှမ်းကြည့်လိုက်သည်။ မေကမျက်နှာကြပ်ကိုမျက်နှာမူထားပေမယ့် ဘာမှမရှိတဲ့ အဲ့ဒီ့မျက်နှာကြပ်ပေါ်မှာအတွေးတွေနယ်ချဲ့နေပုံပဲ။ ယုယကဖုန်းကိုပြန်ကြည့်လိုက်ပြီး မေ့ကိုမေးလိုက်သည်။
“ငါလား…”
“ဟား…ဖြစ်ရဦးမယ် နင်ငါ့ကိုမကြည့်ပဲဖုန်းကိုကြည့်နေတာ ၂နာရီလောက်ရှိနေပြီ”
“sorry…”
“စကားပြောတာကိုစိတ်မ၀င်စားပဲ တစ်ခွန်းမေးတစ်ခွန်းဖြေလုပ်နေတာနော်”
ယုယဖုန်းကိုပိတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာချထားလိုက်သည်။မေကနှုတ်ခမ်းဆူကာ ယုယကိုမျက်စောင်းထိုးသည်။ ယုယအိပ်ရာပေါ်က၀က်ရုပ်ကိုလည်း လက်သီးနဲ့ထိုးချင်ယောင်ဆောင်ပြသည်။ယုယလည်းမေ့အနားကိုတိုးသွားလိုက်ပြီးသူ့လက်ထဲက၀က်ရုပ်ကလေးကိုကယ်တင်လိုက်သည်။ဒီရက်ပိုင်းမေကယုယနားကပ်နေသည်။ဘယ်တုန်းကရောမေနဲ့ယုယကခွဲဖူးလို့လဲလို့မေးကြမှာပေါ့…။ဒါပေမယ့်ခါတိုင်းကပ်တာထပ်ကိုပိုကပ်နေတာ…ညအိပ်ရင်တောင်ယုယနဲ့လာအိပ်သည်။ သူ့အိမ်မှာတစ်ယောက်တည်းမို့လို့တဲ့။
မေတို့အိမ်က ယုယတို့အိမ်ထပ်အများကြီးတိတ်ဆိတ်တာ အခုဆိုပိုဆိုးတာပေါ့၊ ယုယတို့အိမ်မှာက ဖေဖေနဲ့မေမေမရှိရင်တောင် ကြီးကြီးနဲ့ အစ်မတွေရှိသေးတယ်။ မေတို့အိမ်မှာကရှိတာမှသုံးယောက်တည်း အဲ့သုံးယောက်စလုံးက တစ်ယောက်ဆီနေနေကြတာ…။ အန်တီကသူ့အလုပ်တွေနဲ့သူရှုပ်နေတာမို့ အိမ်ပြန်ချင်တဲ့အချိန်မှပြန်လာတယ်တဲ့။အန်ကယ်ကြီးကလည်းအခုတလောခရီးများနေတယ်။ခရီးများတာမှပြည်တွင်းခရီးတင်မကဘူး၊ပြည်ပခရီးတွေပါထွက်နေရတယ်။ မေကတော့ယုယနဲ့….
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်