အခန်း ၃၈။ Basketball Date
luxury-condominiumတစ်ခုဖြစ်ပြီးအမြဲတမ်းသပ်ရပ်တောက်ပြောင်နေတဲ့မေသက်ထားတို့အိမ်ထဲမှာအခုတော့လေဆင်နှာမောင်း၀င်တိုက်သွားသလားအောင့်မေ့လောက်အောင် ပစ္စည်းတွေကဟိုနေရာတစ်စဒီနေရာတစ်စနဲ့ရှုပ်ပွနေသည်။ ဧည့်ခန်းထဲကဆိုဖာတွေဆိုရင်နေရာချထားတဲ့ပုံစံအတိုင်းမရှိတော့ပဲ အကုန်လုံး တီဗွီရှေ့မှာလာပြီးစုပြုံနေသည်။အိပ်ခန်းထဲကစောင်တွေခေါင်းဦးတွေကလည်းဆိုဖာတွေပေါ်မှာအသိုက်ပြောင်းနေကြသည်။ ထိုဆိုဖာအစုအဝေးကြီးရဲ့ပတ်ပတ်လည်မှာ စားလက်စမုန့်ခွံတွေ၊ မဆေးရသေးတဲ့ခေါက်ဆွဲပန်းကန်တွေ၊ မှာစားထားတဲ့ဘူးခွံတွေ စတဲ့စတဲ့အမှိုက်တွေက ၀န်းရံထားပြန်သည်။
ထိုသို့ပျက်ဆီးညစ်ပတ်နေမှုများက ဧည့်ခန်းတစ်နေရာတည်းမှာတင်မဟုတ်ဘူး တစ်အိမ်လုံးအနှံဖြစ်နေတာဖြစ်သည်။ အမွှေးပွကော်ဇောတွေပေါ်မှာဆို ဖိတ်ကျနေတဲ့အစားအသောက်တွေကစေးကပ်ပြီးလုံးထွေးနေပြီး ထမင်းစားစားပွဲပေါ်ကအမှိုက်ပုံကြီးဆိုရင်ပြောစရာတောင်မရှိတော့ဘူး။ အ၀တ်လျှော်စက်ထဲမှာအ၀တ်တွေကအပြည့်၊ ဘေစင်မှာပန်းကန်တွေကအပြည့် ထပ်ထည့်စားဖို့ကြောင်စာခွက်တောင်မကျန်အောင်အကုန်သုံးထားပြီးပြီ။
မေသက်ထားရဲ့အိပ်ခန်းထဲမှာဆို ဗီဒိုကပွင့်လျှက် အ၀တ်တွေကအိပ်ရာပေါ်မှာရော ကြမ်းပြင်ပေါ်မှာရော ၊ ဖိနပ်တွေကလည်း ခေါင်းရင်းဘက်မှာရော စာကြည့်စားပွဲပေါ်မှာရော၊ တစ်ယောက်ယောက်များဒီအိမ်ထဲကို၀င်လာရင် ကြွက်တွေ ပိုးဟပ်တွေအသိုက်လုပ်ပြီးနေနေကြတယ်အမှတ်နဲ့ စိတ်ခြောက်ခြားနေတော့မှာပဲ။ မှန်တံခါးတွေကိုအနက်ရောင်အကာနဲ့ထပ်ကာထားလို့ အလင်းရောင်ကလည်းတစ်စက်ကလေးမှမရှိ၊ ပြတင်းပေါက်တွေအကုန်ပိတ် အဲယားကွန်းကိုတနေ့လုံးတစ်ညလုံးလှိမ့်ဖွင့်ထားလို့ အေးစက်ပြီး လေကောင်းလေသန့်လည်းမရှိဘူး။
အ၀တ်တွေတောင်လိုပုံနေတဲ့အိပ်ရာကြီးထဲမှာဖုန်းမီးကလေးလင်းလာပြီး သီချင်းသံလေးတွေထွက်လာသည်။အ၀တ်ပုံကြားကနေဖြူဖြူစွတ်စွတ်နဲ့သွေးရောင်ကင်းနေတဲ့လက်တစ်ဖက်ထွက်လာပြီးဖုန်းကိုလိုက်စမ်းသည်။ ရတာနဲ့ ဖုန်းကိုသူ့အ၀တ်ပုံကြီးထဲဆွဲယူသွားသည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်