Chapter 39

1.5K 66 25
                                    

အခန်း ၃၉။ အချစ်ကြီးသူကလဲ့စား ၁

တံခါးဘလဲလ်သံကြားလို့သိင်္ခ​ကျော်စွာတစ်​ယောက်​ပေါင်​ပေါ်ကဂစ်တာကိုချကာ​အောက်ထပ်ကို​ပြေးဆင်းသွားလိုက်သည်။ အိမ်မကြီးရဲ့ဘဲလ်နဲ့ သိင်္ခအခန်းအတွက် ဘဲလ်ကိုသီးသန့်ခွဲထားတာမို့ သိင်္ခဆီလာတဲ့ဧည့်သည်ကို အိမ်ထဲကဘယ်သူမှ မသိလိုက်ရပဲ အခန်းထဲ​ခေါ်နိုင်သည်။ အဓိကက​တော့ ကြည်​ဝေထွန်း​ပေါ့။ သူပြဿနာရှာပြီးတိုင်းသိင်္ခအိမ်မှာလာပုန်း​နေကျ​လေ။ဒီည​လည်းပြဿနာရှာလာပြန်ပြီထင်သည်။ဒီညအိမ်လာအိပ်မယ်လို့ဖုန်းကြိုဆက်ထားပြီးဖုန်းထဲမှာလည်းသူ့အသံကမ​ကောင်းဘူး။

“Bro…ဘယ်လိုဖြစ်တာတုန်း”

ကြည်​ဝေထွန်းကကားကိုတစ်​နေရာမှာသွားအပ်ခဲ့ပြီးလမ်း​လျှောက်လာခဲ့ပုံရသည်။ အိမ်ထဲကိုမ၀င်​သေးပဲ ​အုတ်တံတိုင်းထောင့်အကွယ်မှာကပ်​နေ၍​မေးသည်။

“အိမ်မှာလူကြီး​တွေရှိလား”

“မရှိဘူး ညစာသွားစားကြတယ်”

အ​မှောင်ရိပ်က​နေလမ်းမီး​ရောင်ထဲ​ရောက်လာမှကြည်​ဝေထွန်းရဲ့မျက်နှာကိုမြင်လိုက်ရသည်။သိင်္ခမှာသူငယ်ချင်းကြီးရဲ့စုတ်ပြတ်​နေတဲ့မျက်ခွက်ကိုကြည့်ပြီးထခုန်မိ​တော့မတတ်လန့်သွားရသည်။မကြာခင်​​ဒေါသများလည်းထိန်းမနိုင်​အောင်ဖြစ်လာသည်။

“ဟိတ်​ကောင်! ! ဘာဖြစ်လာတာလဲ မင်းကိုဘယ်သူလုပ်တာလဲ”

ပုခုံးကိုကိုင်ကာလှုပ်​မေးလိုက်​ပေမယ့်သူကမ​ဖြေဘူး။ ကိစ္စမရှိ။

“​ဘယ်​ကောင်လုပ်လုပ်​သေဖို့သာပြင်​တော့”

သိင်္ခကပန်းခြံထဲကက​သံတူရွင်းကိုယူကာအပြင်ပြန်ထွက်ဖို့ပြင်​နေပြီ။ကြည်​ဝေထွန်းကသူ့လက်ကိုဆွဲထားရပြီး ပင်းပန်းနုံးချိစွာ​ပြောလိုက်သည်။

“​နောက်​နေ့မှရှင်းမယ် ​လော​လောဆယ် ငါ​ရေချိုးဖို့လို​နေပြီ”

“​ငါရှင်းမယ်မင်းက…ဘယ်​ခွေးသူ​တောင်းစား​​တွေလဲပဲ​ပြောလိုက်”

“မလုပ်နဲ့…”

“မလုပ်နဲ့ဆို မင်းကိုငါထပ်လုပ်မှာ​နော်…ဘယ်သူလဲ​ပြောစမ်းပါ”

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now