Chapter 15

1K 40 0
                                    

အခန်း ၁၇။ ပုန်းကွယ်နေတဲ့နတ်ဆိုးတစ်ကောင်မွေးဖွားခဲ့သည်။ 

ယုယတို့နှစ်ယောက်လုံး နှစ်ဆုံးလတွေမှာမွေးတာမို့ ​သူများ​တွေထပ်​ကျောင်းအပ်နောက်ကျကြသည်။ သူများတွေ ၁၄နှစ် ၈တန်းအရွယ်မှာ ယုယတို့ကနှစ်ဆုံးခါနီးရင် ၁၅နှစ်ဖြစ်နေကြပြီ။ ဒီအရွယ်ကရည်စားထားဖို့ မသင့်သေးပါဘူး။ အချစ်အကြောင်းပြောဖို့လည်း သိပ်​စောလွန်း​သေးတယ်လို့ လူတိုင်း​ပြောကြမှာပဲ။ 

ယုယတို့​တွေ တွဲခဲ့ကြပုံကလည်း နှစ်ယောက်လုံးအချစ်ဟု ​ခေါင်းစဉ်မတပ်ပဲ တစ်​ယောက်ကိုသဘောကျသည် ဟုသာဆိုခဲ့ကြပါသည်။ 

သိင်္ခကလည်းယုယကို ဘာကြောင့် သ​ဘောကျသလဲတော့မသိပါ။ တကယ်ဆိုတွေးရခတ်လှပါသည်။ ယုယမှာသူသဘောကျစရာဘာတွေများရှိလို့လဲ။ ရုပ်လည်းမချော၊ အားလုံးထပ် ထူးချွန်နေအောင် စာတော်တဲ့ကျောင်းသူလည်းမဟုတ်၊ ထင်ပေါ်ကျော်ကြားသူလည်းမဟုတ်။ သူ့ဘေးမှာ ဒီလိုအရည်ချင်းအပြည့်ရှိတဲ့ အိနြေ္ဒမိုးနှင့်ယှဉ်လျှင် ယုယကဘာကောင်မှမဟုတ်ပါဘူး။  

ယုယဘက်က သိင်္ခအ​ပေါ်သဘောကျပုံက​တော့ သိင်္ခကချောသည်၊ ဒီအရွယ်တည်းကသူများတွေအပေါ် သြဇာရှိသည်။ ယုယမှာမရှိတဲ့ ယုံကြည်ချက်တွေ သူ့ဆီမှာအပြည့်ရှိသည်။ မရှက်တတ်ဘူး၊ ဘာမှကြောက်မ​နေဘူး။ 

သူက ရယ်ရသည်၊ သူနဲ့အတူရှိရင် ​ပျော်စရာကောင်းသည်။ ယုယရဲ့ဖိအားတွေအကုန် သူယူပြီး လွှင့်ပစ်လိုက်သလိုပဲ။ သိင်္ခက ယုယကိုစိတ်လှုပ်ရှားစေသည်။ သူယုယကိုကြည့်တဲ့ပုံမျိုး၊ ယုယလက်ကိုကိုင်ထားတဲ့ပုံမျိုး၊ ယုယဘေးမှာရှိနေတဲ့အခါမျိုး။ သိင်္ခကိုသာအရာရာထင်ပြီး သိင်္ခကိုသာအကောင်းဆုံးဟု ယုယရူးသွပ်ခဲ့ရပါသည်။ 

သဘောကျရုံတင်မဟုတ်ပဲ ယုယမှာ သိင်္ခအတွက်အခြား ခံစားချက်တွေလည်းအများကြီးရှိသည်။ ကိုယ့်ကိုအနိုင်ကျင့်တဲ့ ဘူလီတစ်ယောက်နဲ့ ကြိုက်ရတဲ့အခါ လှပတဲ့အရာတွေချည်းမဟုတ် ။ တစ်ခါတ​လေ နာကျင်မှုတွေက ပျော်စရာတွေနဲ့ဒွန်တွဲပြီးလာ​သေးသည်။ တစ်ခါတလေ ယုယ သူ့ကိုကြောက်ရသည်။ တစ်ခါတေလေ မုန်းမိသည်။ သူ့အ​ပေါင်းသင်း​တွေကြောင့် ဒေါသထွက်ရသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now