Chapter 32

1.5K 56 11
                                    

“​မောင်…”

“အင်း…”

“ချစ်တယ်…ချစ်တယ်​မောင့်ကို…”

“အင်း…”

“​မောင်အခုထိ မကို ချစ်တယ်လို့ပြန်မ​ပြောနိုင်​သေးဘူးလားဟင်…”

“ရတီ…”

“​မောင်အခုထိ မကို မချစ်​သေးဘူးလား”

သူသက်ပြင်းချသည် ရတီ့ကိုလှည့်ကြည့်ကာ​ခေါင်းခါသည်။ တိတ်ဆိတ်လျက်ပဲ အ၀တ်အစား​တွေ​​ ကောက်၀တ်၊ အခန်းထဲက​နေထွက်သွားဖို့ပြင်ပြီးမှ ပြန်လှည့်လာ​တော့ ရတီ့ရင်ထဲ​သေး​သေးက​လေး​မျှော်လင့်လိုက်​သေးတယ်။ ရတီ့ပုံစံကလည်းသခင့်အချစ်ကိုညှာယူ​နေတဲ့​​ခွေးက​လေးတစ်​ကောင်လို​နေမှာ​ပေါ့… သူကရတီ့​ဘေးမှာလာထိုင်ပြီး ပါးပြင်ကိုခပ်ဖွဖွ​လေးထိ​တွေ့တယ်။ သူလက်က​လေး​တွေနဲ့ပိုပြီးနီးကပ်ချင်လို့ သူ့ရင်ခွင်ထဲတိုး၀င်လိုက်မိတယ်။  

“ကျွန်​တော်စိတ်မ​ကောင်းပါဘူး…ကျွန်​တော် မ ကိုမလိမ်ချင်ဘူး”

သူ့မျက်လုံး​တွေက​အေးစက်​နေဆဲပဲ…၊ ၁၂ရာသီ​ရေခဲ​နေတဲ့ ​ရေခဲမြစ်ထပ် အဆ​ပေါင်းများစွာပို​အေးတယ်။ အကြည့်တစ်ချက်က​တော့​ဆောင်းရာသီကို မဖန်ဆင်းနိုင်ပါဘူး…အဲ့ဒီ့မျက်လုံး​တွေနဲ့ရင်ဆိုင်မိတိုင်း အ​ကြောက်တရားတစ်ခုက ရင်ထဲလှိုက်၀င်လာလို့ ပိုပြီး​အေး​နေတာဖြစ်မယ်။ 

“အဲ့ဒီ့မုသား​လေးက မ အတွက် စိတ်သက်သာရာရ​စေမယ်ဆိုရင်​တောင် တစ်ခါ​လေးပဲဖြစ်ဖြစ် လိမ်မ​ပြောနိုင်ဘူးလား…”

“ဟင့်အင်း….”

“​နေထိုင်ရင်းနဲ့ ဘ၀မှာ တစ်ပြိုင်နက်တည်းလူနှစ်​ယောက်​လောက် ချစ်မိနိုင်တာပဲ… နှစ်​ယောက်ထပ်ပိုတဲ့လူ​တွေကိုလည်းချစ်မိနိုင်တာပဲ…အချစ်ဆိုတာတစ်​ယောက်တည်းအတွက်လို့မှ​ပြောလို့မရတာ…”

“ချစ်မိရင်​တော့တစ်​ယောက်တည်းပဲဖြစ်မှာ…ကျွန်​တော့်ဆီကချစ်တယ်ဆိုတဲ့စကားကလည်း အဲ့ဒီ့တစ်​ယောက်ကလွဲပြီး ကျန်တဲ့လူ​တွေအတွက်မရှိဘူး…”

မျက်ရည်​တွေကဘယ်လိုမှတားမရဘူး။ ​ခေါင်းကိုသွက်သွက်ငြိမ့်ရင်း သူနဲ့​ဝေးရာကို​ရွှေ့သွားလိုက်တယ်။ မိန်းက​လေးတကာကအားကျရပြီး ​ယောကျ်ား​လေးတိုင်း​ကြွေရတဲ့ရတီဆိုတဲ့မိန်းမကဘယ်​ရောက်သွားတာလဲ၊ ရတီ့မာန​တွေကအိပ်ရာထဲမှာမျက်ရည်​တွေအဖြစ်​ပြောင်းကုန်တာလား…။သူရတီ့ဆီကလိုချင်တာတစ်ခုပဲရှိတယ်…။အဲ့တာကလွဲပြီးကျန်တာစိတ်မ၀င်စားဘူး…သူအဲ့ဒီ့​လောက်​ထိစိမ်းကားတာ။ ရတီတို့တွဲလာတာ တစ်နှစ်ပြည့်​တော့မယ်…၊ ပထမဆုံးစ​တွေ့တုန်းက သူ့ရဲ့မျက်လုံး​တွေကိုရတီမှတ်မိ​နေ​သေးတယ်။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now