မိတ်ဆက်

10.3K 401 21
                                    

Unicode

ဒီနှစ်ရဲ့နွေဦးမှာ ချယ်ရီတွေဟာ သွေးရောင်ပြောင်းတယ်။ ဝေ့ခနဲတိုက်ခတ်လာတဲ့လေညှင်းနောက် ယမ်းငွေ့တွေကတလူလူ။

မီးခိုးလှိုင်းမှိုင်းညို့ညို့အောက် အတုံးအရုန်းလဲပြိုနေကြတဲ့ လူသေအလောင်းများ။

ထိတ်လန့်စိတ်နဲ့ ဘေးနားကရှင်ကျန်နေသူရဲ့လက်ဖဝါးလေးကိုပိုတိုးလို့ဖမ်းဆုပ်လိုက်မိချိန် နွေးထွေးမှုဟာ ရင်ထဲကကြောက်လန့်ခြင်းကိုလျော့ပါးသွားစေတယ်။

အဖျားခတ်တဲ့သစ်ကိုင်းထက် ငြိတွယ်နေတဲ့ အနိဌာရုံတွေ။

"ဟေ့ ဖယ်ကြ။ ဖယ်ကြ"

သွေးစက်‌တတောက်တောက်ကျနေတဲ့လူမှာ လက်တစ်ဖက်မရှိတော့။ နာကျင်မှုကြောင့် ညည်းညူနေသံက ပြင်းတယ်။ ဒဏ်ရာရသူတွေကို သယ်ပိုးသွားကြပေမဲ့ လမ်းမအလယ်ဆုံးပါးသွားကြသူတွေလည်းရှိပြန်တယ်။

စစ်ဟာ သူ့တို့ကို ဒီလိုဘေးသင့်စေခဲ့ပါတယ်။

ခုံဖိနပ်ပြားအောက်ခြေမှာ သွေးရည်တွေကစိုရွှဲရွှဲ။

ပါးပြင်ထက် မျက်ရည်တွေအိကျလာတယ်။

ဗုံးခိုကျင်းထဲက အသက်မသေဘဲထွက်လာကြတဲ့လူတွေဟာ ဗုံးဒဏ်မှန်လို့ ပျက်စီးယိုယွင်းကုန်တဲ့ သူတို့အိုးအိမ်တွေကိုကြည့်ပြီးငိုကြတယ်။ တစ်ချို့တွေကျ‌တော့ သေဆုံးကုန်တဲ့ မိသားစု၀င်တွေကိုကြည့်ပြီးငိုကြတယ်။

သူတို့ကရော .. ဘာအတွက်ကြောင့် ငိုကြရမှာလဲ။

°°°°

၂၈/၃/၂၀၂၃

Selenophile ပြီးသွားတော့ အမြည်းကလေးပေါ့နော်။

ဒီအပုဒ်ကိုဖတ်မယ်ဆို tags လေးတော့ သေချာကြည့်စေချင်ပါတယ်။ WWII (World War II) ဖြစ်တဲ့အတွက် Warning အကြီးကြီးပေးထားပါတယ်။ smut အခန်းတွေဆိုတာထက် သွေးထွက်သံယိုတွေ၊ စိတ်ဆင်းရဲစရာတွေတော့ပါမှာမို့လို့ပါ။

တစ်ကယ်တော့ (၄) လပိုင်း (၅) ရက်နေ့မှ အပိုင်း - ၁ စတင်မှာပါ။ ဒီဟာက ကြိုမိတ်ဆက်ထားတာပေါ့နော်။

ဆိုတော့ကာ အဆင်ပြေမယ်ဆို ongoing လိုက်ပေးကြပါဦးရှင့်။ ဒီရေထဲက ကံကြမ္မာလှလှကလေးကနေ နွေးထွေးစွာကြိုဆိုနေပါ့မယ် ❤️

Zawgyi

ဒီႏွစ္ရဲ႕ေႏြဦးမွာ ခ်ယ္ရီေတြဟာ ေသြးေရာင္ေျပာင္းတယ္။ ေဝ့ခနဲတိုက္ခတ္လာတဲ့ေလညွင္းေနာက္ ယမ္းေငြ႕ေတြကတလူလူ။

မီးခိုးလွိုင္းမွိုင္းညို႔ညို႔ေအာက္ အတုံးအ႐ုန္းလဲၿပိဳေနၾကတဲ့ လူေသအေလာင္းမ်ား။

ထိတ္လန႔္စိတ္နဲ႕ ေဘးနားကရွင္က်န္ေနသူရဲ႕လက္ဖဝါးေလးကိုပိုတိုးလို႔ဖမ္းဆုပ္လိုက္မိခ်ိန္ ေႏြးေထြးမႈဟာ ရင္ထဲကေၾကာက္လန႔္ျခင္းကိုေလ်ာ့ပါးသြားေစတယ္။

အဖ်ားခတ္တဲ့သစ္ကိုင္းထက္ ၿငိတြယ္ေနတဲ့ အနိဌာ႐ုံေတြ။

"ေဟ့ ဖယ္ၾက။ ဖယ္ၾက"

ေသြးစက္‌တေတာက္ေတာက္က်ေနတဲ့လူမွာ လက္တစ္ဖက္မရွိေတာ့။ နာက်င္မႈေၾကာင့္ ညည္းၫူေနသံက ျပင္းတယ္။ ဒဏ္ရာရသူေတြကို သယ္ပိုးသြားၾကေပမဲ့ လမ္းမအလယ္ဆုံးပါးသြားၾကသူေတြလည္းရွိျပန္တယ္။

စစ္ဟာ သူ႕တို႔ကို ဒီလိုေဘးသင့္ေစခဲ့ပါတယ္။

ခုံဖိနပ္ျပားေအာက္ေျခမွာ ေသြးရည္ေတြကစို႐ႊဲ႐ႊဲ။

ပါးျပင္ထက္ မ်က္ရည္ေတြအိက်လာတယ္။

ဗုံးခိုက်င္းထဲက အသက္မေသဘဲထြက္လာၾကတဲ့လူေတြဟာ ဗုံးဒဏ္မွန္လို႔ ပ်က္စီးယိုယြင္းကုန္တဲ့ သူတို႔အိုးအိမ္ေတြကိုၾကည့္ၿပီးငိုၾကတယ္။ တစ္ခ်ိဳ႕ေတြက်‌ေတာ့ ေသဆုံးကုန္တဲ့ မိသားစု၀င္ေတြကိုၾကည့္ၿပီးငိုၾကတယ္။

သူတို႔ကေရာ .. ဘာအတြက္ေၾကာင့္ ငိုၾကရမွာလဲ။

°°°°

၂၈/၃/၂၀၂၃

Selenophile ၿပီးသြားေတာ့ အျမည္းကေလးေပါ့ေနာ္။

ဒီအပုဒ္ကိုဖတ္မယ္ဆို tags ေလးေတာ့ ေသခ်ာၾကည့္ေစခ်င္ပါတယ္။ WWII (World War II) ျဖစ္တဲ့အတြက္ Warning အႀကီးႀကီးေပးထားပါတယ္။ smut အခန္းေတြဆိုတာထက္ ေသြးထြက္သံယိုေတြ၊ စိတ္ဆင္းရဲစရာေတြေတာ့ပါမွာမို႔လို႔ပါ။

တစ္ကယ္ေတာ့ (၄) လပိုင္း (၅) ရက္ေန႕မွ အပိုင္း - ၁ စတင္မွာပါ။ ဒီဟာက ႀကိဳမိတ္ဆက္ထားတာေပါ့ေနာ္။

ဆိုေတာ့ကာ အဆင္ေျပမယ္ဆို ongoing လိုက္ေပးၾကပါဦးရွင့္။ ဒီေရထဲက ကံၾကမၼာလွလွကေလးကေန ေႏြးေထြးစြာႀကိဳဆိုေနပါ့မယ္ ❤️

Destiny In Tide (Complete)Where stories live. Discover now