အပိုင်း - ၂

2.5K 318 37
                                    

Unicode

Warning

Blood, Violence, Death, Disgust

တွန်းလှည်းပေါ်မှာ ဘာပစ္စည်းမှမရှိတော့သည့်တိုင် ပူပန်စိတ်ကြောင့် ပခုံးတန်းထက်ခဲဆွဲထားရသလိုလေးလံနေတယ်။ ခြေတစ်လှမ်းလှမ်းဖို့တောင်အနိုင်နိုင်။

"ဗုံးက အဲ့လိုအမြဲကြဲနေကျလား"

ကီမိုနိုအထုတ်တွေကိုပိုက်လာတဲ့ထယ်ယောင်းဟာ သူ့ခြေလှမ်းတွေနောက် အမှီလိုက်ပြီး မောဟိုက်သံနဲ့ပြောတယ်။

"အရှိန်နည်းနည်းလျှော့ပေးပါလား။ ငါခြေထောက်နာနေပြီ"

ခြေချောင်းဖြူဖြူလေးတွေဟာ ဖိနင်းမှုဒဏ်ကြောင့် ရဲဆွေးတက်နေတယ်။ ဒီတော့မှ သူဟာ မိသားစုဇောကပ်ပြီး ခြေထောက်နဲ့မြေကြီး မထိရတော့လောက်တော့တဲ့ အမြန်နှုန်းနဲ့လျှောက်နေမှန်း သတိထားမိတော့တယ်။

"မင်း ကူဆာဆူကိုဘယ်တုန်းက ရောက်တာလဲ"

"မနေ့ကမှရောက်တာ"

နှဖူးကနေစီးကျလာတဲ့ချွေးတွေကိုသုတ်ဖယ်လိုက်ပြီး ....

"ကူဆာဆူမှာ နေ့တိုင်းနီးပါး၊ ညတိုင်းနီးပါးဗုံးကြဲတယ်"

"ဟင် .."

အုအုနုနုမျက်နှာလေးမှာ သွေးရောင်မရှိတော့။ ကြောက်လန့်သွားစေလိုတဲ့စိတ်နဲ့ပြောလိုက်တာမဟုတ်သော်ငြား အချိန်တိုင်းဗုံးအကြဲခံနေရတာတော့ အဖြစ်မှန်တစ်ခု။

"အခုရော ကြဲနေတုန်းပဲလား။ အဲ့ဒါ .. အဲ့ဒါဆို ဆက်မသွားနဲ့ဦးလေ။ ငါတို့သေကုန်မှာပေါ့"

"မသေပါဘူးကွာ။ ဗုံးကြဲရင် အလွန်ဆုံး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်ပဲ။ မြန်မြန်သွားရအောင်။ ငါညီမလေးနဲ့မေမေ့ကိုစိတ်ပူနေပြီ"

ဂျောင်ကုရဲ့အသံမှာ စို့နင့်ခြင်းတွေပြည့်နှက်နေတယ်။ အရင်ကဆို ဗုံးကြဲတဲ့အချိန်တိုင်းမှာ အိမ်ရဲ့တစ်ဦးတည်းသောယော်ကျားသားဖြစ်တဲ့ဂျောင်ကုရှိတာမို့ တစ်မိသားစုလုံးအန္တရာယ်ကင်းခဲ့တာချည်းသာ။

ဒါပေမဲ့ .. ဒါပေမဲ့ အခုသူမရှိတဲ့အချိန်ရောက်မှဖြစ်ရတယ်လို့။

Destiny In Tide (Complete)Where stories live. Discover now