Unicode
"လူနာက သွေးထွက်လွန်နေပြီ"
စကားတစ်ခွန်း .. စကားတစ်ခွန်းတည်းသာ ..
ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားတည်ဆောက်ထားတဲ့ သူ့ရဲ့ရှင်သန်ချင်စိတ်နဲ့ သူတို့မိသားစုရဲ့လေထဲက အိမ်ကလေးကို အစအနရှာမရအောင် ဖြိုဖျက်ပစ်နိုင်စွမ်းရှိစေတယ်ဆိုတာ သူကလွဲပြီး ဘယ်သူမှ သိကြလောက်မှာမဟုတ်။
Hashi လေးဟာ ငိုရပါများပြီး ပင်ပန်းလွန်းတာကြောင့် အနားမှာထိုင်နေတဲ့ Renji ရဲ့ပေါင်ပေါ်ဝယ် ကွေးကွေးကလေးအိပ်ပျော်သွားချေပြီ။ ဒါပေမဲ့ သူကတော့ တိုက်နယ်ဆေးရုံရဲ့ ကော်ရစ်တာစုတ်စုတ်လေးမှာ ငူငူငိုင်ငိုင်နဲ့ အသက်မဲ့သူလို ထိုင်နေမိဆဲ။
"အကို .. ရေသောက်ဦးမလား .."
Renji ရဲ့ဖျော့တော့တော့စကားသံတွေကို ငြင်းဆန်လိုက်မိတယ်။
ကော်ရစ်တာတစ်လျှောက်ပြေးလွှားနေကြသူတွေ၊ ဆုံးရှုံးမှုကြီးကြီးမားမားကြောင့် လိပ်ပြာပြိုမတက်ငိုယိုနေကြတဲ့သူတွေကလည်း အများသားပါပဲ။
သူကရော ဘယ်အဖွဲ့ထဲမှာ ပါနေလိမ့်မလဲ။
"အကိုထယ်ယောင်းက လူကောင်းတစ်ယောက်ပါ .."
လူကောင်း .. ဟုတ်တယ် .. ထယ်ယောင်းကလူကောင်း ..
ဒါပေမဲ့ အဲဒီလူကောင်းကို ဒီလိုအနာတရမျိုးမဖြစ်ရလေအောင် နတ်ဒေဝါတွေက ဘာကြောင့်များ ကူညီဆောင်မ မပေးခဲ့ရတာလဲ။
"ဘယ်ခွေးသူတောင်းစား လုပ်တာလဲ"
မာထန်သွားတဲ့ သူ့အသံကြောင့် ကြမ်းပြင်ပေါ် ငေးငိုင်နေတဲ့ Renji က မျက်လုံးလေးကို လှန်ကြည့်တယ်။
ထယ်ယောင်းရဲ့အခြေအနေမငြိမ်မချင်း အဲဒီအကြောင်းကို အာရုံမရောက်ဘဲ နောက်မှရှင်းမယ်လို့ စဥ်းစားထားသော်ငြား အခုအချိန်မှာ ဘုရားတောင်ဆင်းတားလို့မရတော့တဲ့အထိ သူ့သွေးတွေဟာ ပွက်ပွက်ဆူနေချေပြီ။
"တစ်ခြားရွာကလို့ပြောတာပဲ .. အကိုထယ်ယောင်းနဲ့ Hashi က ခြံအနောက်ထဲကို ခဏသွားနေတုန်း လူမရှိဘူးထင်ပြီး ပိုက်ဆံဝင်ခိုးတာ။ ဒါပေမဲ့ အကိုထယ်ယောင်းက အရှေ့ပြန်ထွက်လာတာနဲ့တိုးပြီး သူ့ကိုလိုက်ဖမ်းတာမို့ ပါလာတဲ့ဓားနဲ့ထိုးလိုက်တာထင်တယ် .."
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ