အပိုင်း - ၂၂

2K 289 55
                                    

Unicode

"ကိုကို .."

လက်မောင်းအနားမှာ ပွတ်ကာသီကာချွဲနွဲ့နေတဲ့ ပါးပြင်လေးတစ်ဖက်ကြောင့် ခိုးကြောင်ခိုးဝှက်ဖြစ်နေတဲ့ ဂျောင်ကုရဲ့အပြုံးတွေဟာ ထိန်းချုပ်လို့မရနိုင်တော့စွာ သိသိသာသာထင်ပေါ်လာတော့တယ်။

"အင်း .. ဘာဖြစ်ချင်သလဲ .. ကိုကို့ကိုပြောကြည့်ပါဦး .."

"ရေခဲမုန့် .. အဟင့် .."

ရှိုက်ထုတ်ငင်လိုက်တဲ့ ထွက်သက်လေးတွေက ‌နွေးမြမြဖြစ်နေဆဲပေမို့ ‌ဂျောင်ကုရဲ့မျက်ခုံးတန်းတွေစုကြုံ့သွားရတယ်။

နှဖူးပြင်ရှင်းရှင်းလေးမှာတော့ အပူငွေ့တွေချုပ်ငြိမ်းသွားချေပြီ။

"အဖျားလုံးလုံးမပျောက်သေးဘူး မဟုတ်လား"

"နည်းနည်းလေးပဲကျန်တော့တာပါ .. မယုံရင်နမ်းကြည့်မလား"

ဒီတစ်ခါတော့ ချွဲခြင်းမဟုတ် .. လာဘ်ထိုးခြင်းဖြစ်သွား‌ချေပြီ။ သူဆိုတဲ့ကောင်ဟာ ထယ်ယောင်းဆီက အနမ်းပန်း‌လေးတွေကိုများခူးဆွတ်ခွင့်ရခဲ့ရင် တစ်လောကလုံးကို စစ်ပြေငြိမ်းလို့ မိုးကုတ်စက်ဝိုင်းအလွန်အထိ ပြေးပြနိုင်တာကို ကြင်နာသူလေးက မသိတာလည်းမဟုတ်။ သိလျက်သားနဲ့ကို သူ့အပေါ် ဒီလိုမျိုး ချစ်စရာကောင်းစွာ အနိုင်ယူတတ်တာ။

"နမ်းချင်ပေမဲ့ တော်ပါပြီ .. အနမ်းတစ်ပွင့်အတွက် ပေးဆပ်ရမဲ့တန်ကြေးကလည်း များတယ်လေ"

"ဟော .. မင်းကငါ့ကို အခုတော့ဒီလိုပြောပြီပေါ့လေ .. "

အသံကလေးက ရန်ဆောင်သလိုခပ်စွာစွာ။ နှုတ်ခမ်းလေးဆူကာ မျက်စောင်းလေးပါထိုးချိန် သူ့ကမ္ဘာမှာ မိုးသက်မုန်တိုင်းတွေလွင့်စင်ပါးလို့ တိမ်ရောင်၊ ကြယ်ရောင်တွေဟာ ရှင်သန်ခြင်းရဲ့အငွေ့အပါးအဖြစ် တဖိတ်ဖိတ်လက်သည်အထိ ထွန်းတောက်လာပါတော့တယ်။

"‌အရင်ကတော့ ကိုကိုက အားလုံးဖြည့်ဆည်းပေးမှာဘာညာနဲ့ အခုများကျတော့လည်း အချိန်တွေက စကားပြောလာတာလားမသိပါဘူး .. ရေခဲမုန့်လေးတစ်ခွက်တောင် မကျွေးချင်တော့ဘူး .. မင်းငါ့ကို မချစ်တော့ဘူးမဟုတ်လား .. ဟမ် .."

Destiny In Tide (Complete)Where stories live. Discover now