Unicode
"ဝါး .! ဝါး .! ကြိုးကြာပုံ origami (ဂျပန်ရိုးရာစက္ကူခေါက်နည်း) တွေ .."
အသံသေးသေးလေးတွေက ပြာလောင်ခတ်စွာ ညံစီနေတယ်။ သိပ်မကြာသေးခင်ကမှ ခြံထဲမှာ ဆူညံအောင်ဆော့နေခဲ့ကြတဲ့ မျောက်လေးတွေဟာ အခုတော့ဖြင့် ထယ်ယောင်းလက်ထဲက လှပတပ origami လေးတွေဆီ အာရုံရောက်ကာ သူယူမယ်၊ ငါယူမယ်နဲ့လုနေကြပါတယ်။
အရင်ကဆို hashi တို့ကလေးတစ်သိုက်က ပုံမှန်အတိုင်း ထယ်ယောင်းဆီမှာစာသင်ပြီးရင် ရွာရိုးကိုးပေါက်လျှောက်သွားပြီး ပတ်ပတ်ဆော့နေတတ်ကြပေမဲ့ အခုများကျတော့ ဗုံးကြဲမှုက တဖြည်းဖြည်းအကြိမ်ရေစိတ်လာသလို၊ အချိန်ကိုလည်း ခန့်မှန်းမရတာကြောင့် ဆော့ကစားခွင့်ကို မပိတ်ပင်ချင်တဲ့ထယ်ယောင်းဟာ ကလေးအုပ်လိုက်ကြီးကို ခြံထဲမှာခေါ်ထည့်ထားပြီး စိတ်ကြိုက်ပေးဆော့ထားပါတော့တယ်။
ဗုံးကြဲလည်း ကိုယ်တွေက သူတို့ကိုချီပြီး ဘေးမှာရှိတဲ့ဆောက်လုပ်ထားပြီးသား ဗုံးခိုကျင်းထဲ ၀င်ပြေးလိုက်ရုံသာ။
"သားကိုပေး .. သားကိုပေး .. ဒီမှာပိုက်ဆံနော်"
"အာ .. ဖေဖေ .. သားအလှည့်လေ"
ခြံအနောက်ဘက်က ဖရဲခင်းကို ပေါက်တူးနဲ့ခပ်ဖြည်းဖြည်းဆွရင်း ခွီခနဲ သူရယ်ချလိုက်မိတယ်။ ပိုက်ဆံဆိုတာက တစ်ခြားတော့မဟုတ်။ အိမ်ရှေ့တည့်တည့်မှာရှိတဲ့ ဂင်ဂိုပင်ကြီးကနေ ဝါကျင်စွာကြွေဆင်းကျလာတဲ့ ဂင်ဂိုရွက်တွေကိုကောက်ပြီး တစ်ရွက် တစ်ယန်းနှုန်းနဲ့ ထယ်ယောင်းဆီက origami တွေကို ၀ယ်ယူနေကြခြင်းပဲဖြစ်ပါတယ်။
စက္ကူခေါက်သမားလေးကင်မ်ထယ်ယောင်းကတော့ ဧည့်ပရိတ်သတ်တွေရဲ့ကျေးဇူးတော်ကြောင့် လက်မလည်နိုင်လောက်အောင် ရောင်းအားတွေသွက်နေရပါတယ်။
"ကဲကဲ .. ခဏလေးပါ ၀ယ်သူများခင်ဗျ။ ကျွန်တော်မျိုးလက်တစ်အားညောင်းလို့ ခဏလေးနားပါရစေဦး"
ကြွတ်စိညံအောင်ဆူပူနေကြတဲ့ ကလေးတွေကိုကျော်လွန်ပြီး ထွက်လာတဲ့ မောပန်းဟန်အသံလေးကြောင့် လက်ထဲမှာကိုင်ထားတဲ့ ပေါက်ပြားကြီးကို လွင့်ပစ်ချလိုက်ကာ ထယ်ယောင်းအနား လှစ်ခနဲပြေးသွားလိုက်မိတယ်။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ