Unicode
၁၉၄၅ခုနှစ်၊ မတ်လ
ခါနွေဦးမှာ လန်းဖြာကြတဲ့ချယ်ရီတွေဟာ အဆန်းတသသနဲ့မွေးကြူချင်စရာ။ တိမ်ရောင်ပြေးတဲ့ကောင်းကင်ပြင်လွှာက မသိသာစွာမှိုင်းညှို့ညှို့။
မိုးရွာမလား၊ မရွာမလား သေချာမတွေးတတ်ပါချေ။
ကုန်စည်တွေတင်ဆောင်ရတဲ့တွန်းလှည်းတစ်ခုပေါ်မှာ သိပ်မဖွံ့ဖြိုးသေးတဲ့ ဖရီသီးလုံးတွေက ကြီးစဉ်ငယ်လိုက်။
ခရီးတိုပေမဲ့ ဒီလိုလေးလံတဲ့အရာကိုအားကုန်ဆွဲကာ ခြေလျင်လျှောက်ရမယ်မှန်းသိတော့ နားထင်စပ်ဖျားမှာ ချွေးသီးတွေကတစို့စို့။
"ကိုကို .. ညီမလေးအတွက် မိတ်ကပ်ဆိုလား .. အဲ့ဟာလေးတွေ၀ယ်ခဲ့ပေးနော်။ ရွာထဲကမမကြီးတွေက Hiroshima မှောင်ခိုဈေးမှာ ရှိတယ်လို့ပြောတယ်"
အိမ်ကနေ မထွက်ခင်ကတည်းက (၁၆) နှစ်အရွယ် အပျိုဖြန်းလေးဟာ ဂျောင်ကုကို သူ(မ) အရင်ကတည်းက မျက်စိကျနေတဲ့နိုင်ငံခြားထွက်ပစ္စည်းတွေကိုပူဆာတယ်။ သို့သော်ငြား မေမေကတော့ ဆူဆူပူပူ။
"အို .. ခေတ်ကြီးက ဒီလောက်ပျက်နေရတဲ့ကြားထဲ ဘာမိတ်ကပ်လဲ။ ညည်းနော် အိမ်အခြေအနေလေးကိုလည်း နည်းနည်းလောက်သိပါဦး။ စားစရာတောင်အနိုင်နိုင်ဖြစ်တဲ့အထိ စီးပွားရေးတွေပျက်ကပ်ဆိုက်နေတဲ့ကြားက"
နွေလေဦးဟာ သူတို့ရင်တွေကို မအေးချမ်းစေနိုင်တော့ပါ။
"ရပါတယ်မေမေရဲ့။ အိမ်မှာဘာပစ္စည်းတွေလိုသေးလဲ။ မှောင်ခိုဈေးဆိုတော့ အဲ့မှာအစုံ၀ယ်လို့ရတယ်"
"သားရယ် .. မှောင်ခိုဈေးမှာတင်တဲ့ပစ္စည်းတွေက သာမန်ရိက္ခာတွေထက် ဆယ်ဆလောက်ဈေးကြီးတာကို။ မဖြစ်ပါဘူး .. ဆန်နည်းနည်းလောက်သာ၀ယ်ခဲ့။ အိမ်ရောက်မှ ရှိတာလေးနဲ့စားကြတာပေါ့"
ခေါင်းငြိမ့်ပြလိုက်သော်ငြား ညီမလေးမျက်နှာကမဲ့တဲ့တဲ့။ ငယ်တုန်းရွယ်တုန်းမို့ လှချင်တာကိုလည်း အပြစ်လို့မဆိုနိုင်ပြန်။ ဒါပေမဲ့ စစ်ကြီးစတင်ကတည်းက သူတို့ရဲ့စား၀တ်နေရေးတွေအတော်ကိုကြပ်တည်းနေရတော့တာ။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ